Liberté-9(U)

169 14 0
                                    

အိမ်ပြန်မပို့ချင်ဘူးဆိုတာကလည်း နွေဦးရဲ့အတွေးသက်သက်သာဖြစ်တာကြောင့် အမှန်တကယ်တော့အပြင်မှာ ဖြစ်မလာခဲ့ပါဘူး။ ညဘက်လောက်မှာ လေပြည်ပြန်နိုးလာခဲ့သည်။ ကုတင်ပေါ်မှာထိုင်လျက်သာနေနေပြီး တစ်နေရာတည်းကိုသာ စိုက်ကြည့်နေသည်။ သူ(မ)ဘယ်လိုလုပ်ရမလဲ။ အိမ်လို့ခေါ်တာအပြောသာရှိပြီး နွေးထွေးမှုမရှိတဲ့အိမ်မှာ သူ(မ)ဘယ်လိုနေရမလဲ။ ထွက်ပြေးလိုက်ဖို့စဥ်းစားပေမဲ့ သူ(မ)တတ်နိုင်တာဘာမှမရှိဘူး။

"ဆောင်း နိုးနေပြီလား။"

လက်ထဲတွင် စာအုပ်ပေါင်းများစွာကိုကိုင်လျက် တံခါးပေါက်အဝတွင်ရပ်နေသောငယ့်ကို သူ(မ)ကြည့်မိသည်။ ဘာလို့များ အခြားသူတွေလို ရှင်သန်ဖို့မဖြစ်နိုင်ရတာလဲ။

"နိုးနေရင်ထတော့လေ။ ညဘက်တောင်တော်တော်ရောက်နေပြီ။"

တံခါးနားကနေ အခန်းစားပွဲစီကိုရောက်တဲ့အထိ သူ(မ)ကြည့်မိနေသည်။ စာအုပ်တွေကို စားပွဲခုံပေါ်ထပ်ကာတင်လိုက်ပြီး ကုတင်စွန်းမှာလာထိုင်သောငယ့်ကြောင့် အကြည့်တွေကိုရုတ်သိမ်းလိုက်သ​ည်။

"ဆောင်း ပင်ပန်းတယ်မလား။ ဒီအချိန်မှာ ဒီလိုပြောတာ အံ့ဩစရာနော်။ မြင်ရက်သားနဲ့ ဘာမှမလုပ်ပေးနိုင်တာ နွေဦးတကယ်ဝမ်းနည်းတာဘဲ။"

"မတတ်နိုင်တဲ့အခြေအနေတွေဆိုပါတော့ ငယ်။ ဒါပေမဲ့ လွတ်မြောက်ချင်ပြီ။"

ထိုင်နေတဲ့ နွေဦးရဲ့ပုခုံးစွန်းလေးကို သူ(မ)ငှားဖို့လိုအပ်လာပြီ။ မျက်ဝန်းတွေကိုမှိတ်လျက်သာ ငယ့်ပုခုံးပေါ်ကိုမှေးစက်လိုက်သည်။ နွေးထွေးလွန်းတဲ့ပုခုံးစွန်းလေးဟာ သူ(မ)ကိုလင်လွှတ်ဖို့ မဖြစ်နိုင်အောင် လုပ်နေသည်။

နွေဦးဟာ ကုတင်စွန်းစီမှာ ကုတင်ပေါ်တက်ထိုင်လိုက်ကာ လေပြည့်အတွက် အကောင်းဆုံးနွေးထွေးမှုကိုပေးရန်ပြုလုပ်လိုက်သည်။ သူ(မ)လက်တစ်ဖက်က မရဲတရဲဖြင့် လေပြည့်ကျောပြင်လေးကိုပွတ်သပ်ပေးနေသည်။

"ဖြစ်နိုင်ရင်လေ ဆောင်းကို အဲ့အိမ်ပြန်မပို့ချင်ဘူး။ သိရဲ့လား ဆောင်း။"

မကျေနပ်သံအချို့ပါနေတဲ့ငယ့်အသံကြောင့် လေပြည်အနည်းငယ်ပြုံးလိုက်မိသည်။ ဖြစ်နိုင်ရင်ဆိုတဲ့စကားကြောင့် အနည်းငယ်တော့နာကျင်ရသည်။ ဒါပေမဲ့လည်း အရာအားလုံးဟာ အမှန်တရားတွေပါဘဲ။ မပြောင်းလဲတဲ့အမှန်တရားတွေပေါ့။

LibertéWhere stories live. Discover now