စောစောစီးစီးနိုးလာခဲ့တယ်.. အရင်ကထပ်ကိုစောတယ်.. အကြောင်းက..
"ဒီနေ့ နောက်ဆုံးနေ့ဘဲ.."
ဟုတ်ပါသည်.. ဒီနေ့ဟာ ကျောင်းနောက်ဆုံးနေ့.. ဆောင်းလေပြည် အလိုချင်ဆုံးနောက်ဆုံးနေ့..
ဒါကြောင့် လေပြည်ဟာ သာမန်ထက်အနည်းငယ်တက်ကြွနေသည်.. အရင်လို ပြတင်းပေါက်လေးဖွင့်ပြီး ကောင်းကင်ပြာကြီးကိုကြည့်ဖို့တော့ လေပြည်မမေ့ခဲ့ဘူး.. နေထွက်သည့်အရပ်ဟာ အိမ်နောက်ဘက်ဖြစ်နေတာကြောင့် နေထွက်တာကိုတော့ နေ့တိုင်းလေပြည်မမြင်ရပေ..
အောက်ထပ်က ထမင်းစားပွဲခုံမှာ အမေဟာ အရင်လိုထိုင်နေတုန်း.. ဒါပေမဲ့ မတူညီတာက အဖေပါရှိနေတာဘဲ.. လေပြည်ရဲ့စိတ်တွေဟာ ခြောက်ခြားစွာနဲ့ ကြောက်ရွံ့နေတာပါဘဲ.. ဘာတွေများ ဖိအားပေးအုံးမလဲဆိုတဲ့အတွေးဟာလည်း ဝင်လာသည်..
ဘာကြောင့်လဲ.. ဘာကြောင့် အလုပ်မသွားဘဲ အခုလိုတွေ့နေရတာလဲ..
"လာထိုင်လေ.."
တွေဝေစွာရပ်ကြည့်နေတဲ့ လေပြည်သည် ခပ်မာမာအသံကြောင့် တုန်တက်သွားသော ခန္ခာကိုယ်လေကိုလျစ်လျှူရှုကာ ထမင်းစားပွဲမှ ထိုင်ခုံတစ်ခုတွင်ဝင်ထိုင်လိုက်သည်.. အိမ်တော်ထိန်းဟာ လေပြည့်အတွက် မနက်စာကို ပုံမှန်အတိုင်းဘဲ လာချပေးသည်..
အခုဆို ဒီစားပွဲမှာ ပုံမှန်မဖြစ်တာဟာ လေပြည်တစ်ယောက်တည်းဖြစ်လောက်မည်..
"ဒီနေ့ နောက်ဆုံးနေ့ဆိုတာ သိတယ်မလား.."
"ဟုတ်.."
"ဒါပြီးရင် ဆေးနဲ့ပတ်သက်တာတွေ ကျက်ဖို့အတွက် အားလုံးကို အိမ်တော်ထိန်းစီမှာ ပြောထားတယ်.. ပြီးသွားပြီဆိုပြီး အလေလိုက်ဖို့မစဥ်းစားနဲ့.. ဒါတွေအားလုံးက မင်းကောင်းဖို့အတွက်လုပ်နေတာ.. မဟုတ်ရင် ငါတို့ဘာမှတောင်မပြောနေဘူး.. ဟုတ်ပြီလား.."
"ဟုတ်.."
"အင်း.. ဒါဘဲ.."
ထိုစကားကိုပြောကာ ထမင်းစားပွဲမှ ထထွက်သွားသော အဖေဖြစ်သူအား မျက်နှာသေနဲ့သာစိုက်ကြည့်မိသည်.. မင်းကောင်းဖို့အတွက် ဆိုတဲ့စကားနောက်မှာ အတ္တတွေ, လောဘတွေ ပါနေတာ အဖေမသိဘူး.. ကိုယ့်ရဲ့သမီးဟာ ဘာဖြစ်ချင်နေလဲဆိုတာလဲ အဖေမသိဘူး..

YOU ARE READING
Liberté
Fiksi Remajaလွတ်လပ်ချင်တဲ့ ငှက်ကလေးတစ်ကောင်ကို ဆွဲထားလို့ရမယ်ထင်လား ငယ်.........။ (ပြင်သစ်လို Liberté က အင်္ဂလိပ်လိုဆို Freedom ပါ) Photo from pinterest