ဒီနေ့တွင်တော့ သာမာန်ရက်များနဲ့မတူညီစွာ နောက်ကျမှနိုးလာခဲ့သည်..
ပိတ်ရက်လည်းဖြစ်သလို အဖေဖြစ်သူဟာလည်းအလုပ်ကိစ္စတစ်ခုကြောင့် ခရီးထွက်သွားတော့ ဆောင်းလေပြည်ဟာ ဒီနေ့တော့အနည်းငယ်လွတ်လပ်လောက်မှာ..
နောက်ကျမှထမယ်လို့ ရည်ရွယ်ထားပေမဲ့ နောက်ကျမှထဖို့အတွက်ကို ပတ်ဝန်းကျင်ကလက်မခံပုံရသည်.. အိမ်တစ်အိမ်နဲ့တစ်အိမ်က ကပ်မနေပေမဲ့ ဆူညံသံတွေဟာ နားထဲကိုကန့်လန့်တိုက်ပြီးရောက်လာခဲ့သည်..
အိပ်မရတော့တာကြောင့် ကုတင်မှထကာပြတင်းပေါက်ဖွင့်ပြီး ဘယ်အိမ်ကများဆူညံနေတာလဲဆိုပြီးကြည့်မိတော့ တစ်ဖက်ဘေးအိမ်ကအိမ်ပြောင်းလာခြင်းပင်..
ပစ္စည်းတွေသယ်နေရင်း အလုပ်ရှုပ်နေကြတဲ့လူတွေဟာ မျက်စိရှေ့တည့်တည့်ပင်.. ရှုပ်ရှက်ခက်နေတဲ့လူတွေကို ခပ်တွေတွေလေးကြည့်မိနေတုန်း ထိုလူတွေဘေးကထွက်လာသောကောင်မလေးတစ်ယောက်ကြောင့် ဆောင်းလေပြည်ဟာ မဆိုင်ပါဘဲ ပြတင်းပေါက်လေးကိုဝင်ပုန်းမိသည်..
"နွေဦးငယ်.."
အရင်လကမှ ဒီဒေသကိုပြောင်းလာတယ်လို့ သူ(မ)ကိုယ်တိုင်ပြောထားတာ.. အခုဆို တစ်လတောင်မကြာသေးပါဘဲနဲ့..
ဘယ်လိုဖြစ်လို့ ဘေးအိမ်ကိုထပ်ပြောင်းလာတာလဲ..
ပုန်းနေရာကနေ ပြတင်းပေါက်ဘက်ခြမ်းကိုခေါင်းလေးပြူကြည့်မိတော့ နွေဦးငယ်ရဲ့မျက်လုံးအစုံဟာပြတင်းပေါက်စီမှာ.. လေပြည်ရပ်ကြည့်နေသည်ကိုတွေ့လိုက်ပုံဘဲ.. ပြတင်းပေါက်စီကို ကျောက်ရုပ်ပမာရပ်ကာစိုက်ကြည့်နေသည်..
ဒါကြောင့် မကြည့်တော့ဘူးလို့တွေးလိုက်ပြီး ပြတင်းပေါက်ကိုပိတ်လိုက်သည်.. ဆူညံသံတွေဟာ ဆောင်းလေပြည်ကိုအိပ်မရဖြစ်နေသည်.. ဒါကြောင့် ဆက်အိပ်မည့်အစီအစဥ်ကိုဖျက်လိုက်ပါ ရေချိုးခန်းဝင်၊ မျက်နှာသစ်ကာ အိမ်အောက်ကိုသာဆင်းလာခဲ့သည်..
အောက်ထပ်မရောက်ခင် လှေကားမှာတင် ခြံရှေ့မှစကားပြောသံတွေကိုကြားနေရသည်.. အိမ်ထဲကိုကမန်းကတန်းပြေးဝင်လာသော နွေဦးငယ်ရဲ့အသံတွေကိုလည်း ကြားနေရသည်..
YOU ARE READING
Liberté
Jugendliteraturလွတ်လပ်ချင်တဲ့ ငှက်ကလေးတစ်ကောင်ကို ဆွဲထားလို့ရမယ်ထင်လား ငယ်.........။ (ပြင်သစ်လို Liberté က အင်္ဂလိပ်လိုဆို Freedom ပါ) Photo from pinterest