Liberté-11(U)

115 10 0
                                    

ဒီလိုနဲ့ဘဲ သူ(မ)နေ့တွေကြာရှည်လာခဲ့တာ တစ်လနီးပါးလောက်ရှိပြီ။ အိမ်ကလူတွေကိုလည်း သူ(မ)မမြင်သလိုနေလာတာ တစ်လနီးပါးရှိပြီ။ မေမေကလွဲလို့ပေါ့။ အပြစ်ရှိပါတယ်ဆိုတဲ့စိတ်ဆန္ဒကြောင့် လေပြည်ဘာလုပ်ချင်ပါစေ။ လုပ်ခွင့်ပေးထားသည်။ အကောင်းဆုံးအရာကတော့ လေပြည်နဲ့နွေဦးတို့ရဲ့ဆက်ဆံရေးကို သိနေတာပါဘဲ။ ကန့်ကွက်တာမျိုးမရှိတဲ့အခြေအနေကြောင့် လေပြည်အနည်းငယ်ပျော်ရွှင်နေသည်။

အဖေဖြစ်သူရဲ့အမေကတော့ လူကြီးရောဂါတစ်ခုကြောင့် မြို့ကဆေးရုံမှာ ဆေးကုသနေရတာ သုံးပတ်လောက်ရှိပြီ။ အကြီးဆုံးဖြစ်တဲ့လူတစ်ယောက်မရှိတာဟာ အခြေအနေကိုအတော်လေးပြောင်းလဲနိုင်မှန်း သူ(မ)အခုမှသိလိုက်သည်။

နေ့ရက်တိုင်းကိုလည်း ငယ်နဲ့အတူ အိမ်ငယ်လေးမှာသာ သူ(မ)နေနေမိသည်။ တစ်သက်လုံးမခွဲခွာဘူးဆိုတဲ့ကတိစကားကိုလက်ကိုင်ထားပြီး သူ(မ)တို့မခွဲမခွာ တည်ရှိနေသည်။ လှပစွာတည်ရှိနေတဲ့ချစ်ခြင်းတွေအကြားမှာ သူ(မ)တို့မပြောင်းမလဲပါဘဲ။ လွန်လေပြီးတဲ့အချိန်တွေဟာ လေပြည့်အတွက်ပျောက်ပျက်မသွားသလို မေ့ပျော်ဖို့အတွက်မဖြစ်နိုင်ရင်တောင် ငယ်နဲ့အတူရှိရင်တော့ မေ့မေ့ပျောက်ပျောက်ပါဘဲ။ ရွေးချယ်ခွင့်မရတဲ့မိသားစုကြောင့်သာလို့ဘဲ သူ(မ)လောကကြီးကို အပြစ်တင်မိသည်။ ဒါပေမဲ့လည်း သဘောကျရသူငယ်နဲ့တွေ့ဆုံခွင့်ရတာကြောင့်လည်း လောကကြီးဟာမဆိုးသေးပါဘူးလို့ ဖြေသိမ့်ပြန်သည်။

ဒီနေ့ကတော့ နွေဦးငယ်ရဲ့တိုက်တွန်းမှုကြောင့် သူ(မ)စက်ဘီးစီးသင်ရဖို့ဖြစ်လာပြီ။ ငယ်ငယ်ကတည်းက ဘယ်သွားသွား အိမ်ကနေ့လိုက်ပို့ လိုက်ကြိုလုပ်ပေးနေတာကြောင့် ကိုယ်တိုင်စက်ဘီးမပြောနှင့်။ သူများနောက်တောင် လိုက်ဖို့မဖြစ်နိုင်ခဲ့။

တစ်နေ့တော့ ငယ်တစ်ယောက် သူ(မ)နဲ့အတူ စက်ဘီးအတူတူစီးချင်ပါတယ်ဆိုတဲ့ဆန္ဒတစ်ခုကြောင့် သူ(မ)စက်ဘီးစီးသင်ရတော့မည်။

ညနေစောင်းခါနိီးလောက်မှာ သူ(မ)ရေချိုးသန့်စင်လိုက်သည်။ ကုတင်ပေါ်မှာအဆင်သင့်တင်ထားတဲ့ဝမ်းစက်အင်္ကျီလေးကို သူ(မ)ကောက်ဝတ်လိုက်သည်။ ရှည်လျားလှတဲ့ဆံနွယ်တွေကို သေချာစွာစည်းနှောင်လိုက်သည်။ သူ(မ)ဆံနွယ်တွေဟာ အနက်ကြီးလည်းမဟုတ်ဘဲ နီညိုညိုလေးဖြစ်သည်။ အားလုံးပြင်ဆင်လို့ပြီးသွားကာမှ သူ(မ)အောက်ထပ်ကို မပြေးရုံတမယ်ဆင်းလာခဲ့သည်။

LibertéWhere stories live. Discover now