Liberté-2(U)

332 15 0
                                    

ဆောင်းလေပြည်ဆိုတဲ့ မိန်းကလေးဟာ ငယ်စဥ်ကတည်းက အထီးကျန်စွာ နေလာရသူတစ်ဦးပင်.. မိဘဖြစ်သူတွေဟာ သူ(မ)အား ဂရုစိုက်လား မစိုက်လားတော့ မသိပေမဲ့ သူ(မ)ဟာ မိဘဖြစ်သူတွေနဲ့ တစ်နေ့ကို စကားဆယ်ခွန်းတောင်ပြည့်အောင်မပြောတတ်သူပင်..

သူ(မ)ရဲ့ ငယ်စဥ်ကတည်းက အရာအားလုံးဟာ
အိမ်တော်ထိန်းဆိုသူစီမှာပင်.. နေ့စဥ်လုပ်ငန်းတွေဟာလည်း ထိုသူမှာပင်..

သိတတ်စအရွယ်ရောက်လာချိန်တွင်တော့
တစ်နေ့နေလို့တောင် စကားမပြောကြတော့သော
အခြေအနေကိုရောက်ရှိလာသည်..

အိမ်တွင်းရေးဟာ အေးစက်နေပေမဲ့
ဒီဒေသတွင်တော့ သူ(မ)တို့မိသားစုဟာ သိပ်ကိုချစ်ခင်ကြတဲ့ မိသားစုတစ်စုပေါ့..

မိဘနှစ်ပါးဟာလည်း ချစ်လို့လက်ထပ်ခဲ့တာမဟုတ်ဘဲ ဂုဏ်ဆိုတဲ့အရာတွေကြောင့် လက်ထပ်ခဲ့ခြင်းပင်.. အဖေဆိုသည်မှာလည်း လူနာတွေအပေါ် သိပ်ကိုကြင်နာတတ်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး အမေဟာတော့ ကျောင်းသားတွေအပေါ် သိပ်ကို ဂရုစိုက်တဲ့ ပရော်ဖက်ဆာတစ်ယောက်ပေါ့..

ဒါတွေဟာ အပြင်လောကတွင်သာ..
လက်တွေ့မှာတော့ မီးခိုးငွေ့လိုပျောက်ကွယ်သွားတဲ့အရာတွေပေါ့..

...

ကားပြတင်းပေါက်လေးကိုမှီကာ ငြိမ်ငြိမ်သက်သက် လိုက်လာသောဆောင်းဟာ အတွေးတွေတော့များပြားလွန်းနေသည်..

ဒီကားပေါ်ကနေ ခုန်ချပြီး ထွက်ပြေးသွားရင်ကောင်းမလား..

ထိုအတွေးလည်း အပါအဝင်ပေါ့..

သိပ်ကို ဂုဏ်တွေကိုအာရုံစိုက်ကြတဲ့ မိဘနှစ်ပါးဟာ သူ(မ)ကိုလည်း အတော်ဆုံး, အထပ်ဆုံး,
အထူးချွန်ဆုံး ဖြစ်အောင် ပြုလုပ်တော့သည်..

ငယ်စဥ်ကတည်းက ကျောင်းဆိုလည်း အကောင်းတကာ့အကောင်းဆုံးကျောင်းမှာ ထားတယ်..
အဆင့်ဆိုလည်း တစ်ကျောင်းလုံး ပထမရစေချင်ကြသူတွေ.. နောက်ဆုံး ဘဝလမ်းကြောင်းအလုပ်အတွက်တောင် သူတို့သဘောကျတဲ့ အရာသာ လုပ်ခွင့်ရမဲ့ ဘဝ..

သူ(မ)ငယ်စဥ်ကဆို အဆင့်တစ်ခုလောက်ကျသွားမှာ အလွန်ကြောက်သည်.. မှောင်မည်းလွန်းတဲ့အခန်းထဲ သူ(မ)တစ်ယောက်တည်းထားပြီး
ထွက်သွားတတ်ကြတဲ့ မိဘနှစ်ပါးရဲ့ ကျောပြင်တွေဟာ သိပ်ကိုကြောက်ဖို့ကောင်းသည်..

LibertéWhere stories live. Discover now