Ch_2_

4K 355 11
                                    

[Unicode]

"ရှောင်းကျန့် အဲ့လိုဘဲငေးနေတော့မှာလားကွ"

ဒေါက်တာ ဟွမ်ကျစ်၏အသံကြားမှရှောင်းကျန့်ငေးနေရာကနေအသိဝင်တော့သည် ။ လိုက်ပါလာကြသောဒေါက်တာများမှာအနားယူရန်သွားကြတော့မည်မို့မတ်တပ်ရပ်လျက်ရှိနေကြသည့်အလျောက်ဒေါက်ဝာာရှောင်းမှာတော့ထိုင်ရက်ကလေးသူကြီးသားကိုအငေးတော်ပုံဖွင့်နေခြင်းဖြစ်သဖြင့် စနောက်လိုက်ခြင်းဖြစ်သည် ။

"ဟင် မဟုတ် မဟုတ်ပါဘူးဗျ"

စနောက်သံကြောင့်ရှောင်းကျန့်မှာ ဂုတ်ကိုပွတ်လို့ရှက်ဝဲဝဲထရပ်ပြီးပြောရှာတယ် ။ သူကြီးသားကလေးကတော့နေရာပြရန်ဦးဆောင်ထွက်သွားချေပြီမို့ ဒေါက်တာအုပ်စုမှာအနောက်ကလိုက်ရသည် ။ တစ်စိတ် .. သူကြီးသားနားရွက်ဖျားကလေးတွေရဲစွေးနေသလားလို့ရယ် ။

အရှေ့မှဦးဆောင်သွားနေသည့်သူကြီးသားက သေးသေးလုံးလုံးကလေးဗျ အနောက်ကနေဆွဲပွေ့ရမ်းပြစ်ချင်စရာလေးရယ် ။ ရှောင်းကျန့်သူ့ကိုယ်သူဘာတွေတွေးမိနေသလဲလည်းလိုက်မမှီတော့ပါ ။ သူ့စိတ်ထဲမှာတော့သူကြီးသားကလေးအားအကြိမ်ကြိမ်ပြစ်မှားနေကြောင်းမှာအမှန်ပင်ဖြစ်ပေသည် ။ ထိုသူကြီးသားလေးမှာသူ့ထပ်ငယ်မည့်ပုံတော့မထင် သူကြီးသားကလူရွယ်ကလေးပင်ဖြစ်မည် အနည်းဆုံးသူ့ထပ် ၂ နှစ်လောက်တော့ကြီးလောက်မည် ။

"ဒီအိမ်ပါဗျ အခန်းကတော့ ၃ခန်းရှိပါတယ် ။ ဒေါက်တာတို့အခန်းမျှသုံးကြပေါ့ဗျ ၊ တစ်ခန်းမှာကုတင် ၃ လုံးရှိတယ်ဗျ "

ထွက်လာသည့်ဩရှရှအသံကလေးကတိုးတိုးကလေးရယ် ။ သူကြီးသားကိုကို၏စကားပြောပုံလေးတွေကအစ ထွက်လာသည့်လေသံတိုးတိုးကလေးအဆုံး ဆွဲဆောင်မှု့ရှိပါဘိ ။

"ဟုတ်ကဲ့ပါဗျာ ၊ဒီကညီလေးနာမည်က "

ဒေါက်တာယွမ်းဖေးက စပ်စုသလိုဖြင့်မေးလေတော့သူကြီးသားလေးကမဆိုင်းမတွဖြေလေ၏။

"ဝမ်ရိပေါ်ပါဗျ ၊ အသက်က ၃၁ နှစ်ရှိပါပြီ "

"ဟင် ခဗျာ "

ရှောင်းကျန့်ဆီမှတအံ့တဩထွက်လာခြင်းဖြစ်သည် ။ သူအနည်းဆုံး ထိုသူကြီးသားကလေးကသူ့ထပ် ၂နှစ်၃နှစ်လောက်သာကြီးမည်ထင်ထားသော်လည်း ယခုမူ ၈ နှစ်ကြီးတောင်ကွာဟလေသတဲ့လား ။ အို ! ကိုကိုကနုဖတ်နေလိုက်တာများ သဝန်တိုရချည်ရဲ့ ။

ချစ်သောမောင့်ကိုချစ်သလား ..♡ [ Doctor's Beloved]Where stories live. Discover now