Ch_12_

2.5K 277 10
                                    

[ Unicode]

" ဒီကောင့်ကို ထိပ်တုံးခပ်ထားလိုက်ကွာတောက်! ဘယ့်နှယ့်အသက်ကဖြင့်ငယ်ငယ်လေးရှိသေးတယ်စရိုက်ကဖြင့်ကြမ်းနေပြီ ၊ အခုမင်းလုပ်လိုက်တာကတစ်ဖတ်လူများမတော်လို့လက်လွန်သွားရင်မင်းထောင်ကျမှာကွ သိရဲ့လားငမိုက်သားရဲ့ "

ခါတိုင်းပြုံးရွှင်ရွှင်နေတတ်သည့်သူကြီးမှာတော့ဒီအခါတွင်အတော့ကိုဒေါသထွက်နေဟန်ရသည် ။ ရိပေါ်မှာတော့ဘာမှဝင်မပြောရဲဘဲဘေးမှာကုတ်ကုတ်ကလေးပင် ။

အကြောင်းမှာတော့ရွာလည်ကအရက်သမားအုပ်စုထဲမှတစ်ယောက်ဖြင့်ရန်ဖြစ်ကြကာဝမ်ရှင်းရာကအရက်သမားတစ်ယောက်အားအုတ်နီခဲဖြင့်ခေါင်းအားထုရိုက်ခွဲပြစ်လိုက်လို့ပင် ၊ တစ်ဖတ်လူမှာသွေးချင်းချင်းနီလျက်ပြန်ပင်မထနိုင်တော့ ထိုလူ့မိသားစုဝင်များမှာလည်းငိုယိုကာသူကြီးအားလာတိုင်လေသည် ထိုအရက်သမားမှာအခုထိသေသလားရှင်သလားတောင်မသိရသေးပေ ။

" ဦးလေးကျုပ်ရန်ဖြစ်ရတဲ့အကြောင်းအရင်းကိုမှမသိဘဲ "

ဝမ်ရှင်းရာမှာသူကြီးအားမကြောက်ဟန်အသံမှာလည်းမာထန်လို့ အကြည့်တွေကတော့သူကြီးနားကုတ်ကုတ်ကလေးရပ်နေသောဝမ်ရိပေါ်ကလေးထံတွင်ကိန်းဝပ်နေသည် ။

" မင်းလိုလူမိုက်ကောင်ကရန်ဖြစ်တာအကြောင်းအရင်းရှိသေးတယ်လား ၊ ဘာဆင်ခြေတွေပေးအုံးမလို့လဲ မင်းကိုသုံးရက်သုံးညထိပ်တုံးခတ်တယ် ! "

သူကြီးကဒေါသတကြီးဆိုလို့အိမ်ထဲသို့ဝင်သွားချေပြီ ။ ဝမ်ရှင်းရာမှာတော့ခြေထောက်နှစ်ဖတ်ထိပ်တုံးခတ်ခံထားရကာမြေပြင်ပေါ်တွင်ဒီတိုင်းထိုင်ချလျက်သူလုပ်လိုက်သည့်အပြစ်အပေါ်နောင်တရဟန်မတူ ။

" ဝမ်ရိပေါ် "

" ဟင် "

သူကြီးမှာဝင်သွားသော်လည်းဝမ်ရိပေါ်မှာမူကုတ်ကုတ်ကလေးရပ်နေဆဲဖြစ်သဖြင့်ဝမ်ရှင်းရာ အူတူတူ ကိုကိုအသေးလေးအားအနိုင်ကျင့်ခြင်စိတ်များတိုးလာရသည် ။

" ကျုပ်ဗိုက်ဆာတယ် "

" ဗိုက် ၊ ဗိုက်ဆာလို့လား ခဏနော် စားစရာတစ်ခုခုသွားယူပေးမယ် "

ချစ်သောမောင့်ကိုချစ်သလား ..♡ [ Doctor's Beloved]Where stories live. Discover now