[ Unicode]
ရှောင်းကျန့်၏အပီအပြင်ငြင်းသည့်စကားကြောင့် ဂျပန်ကပြားမလေးရှီနိုမှာ တစ်ရက်ပင်ကြာကြာမနေနိုင် ခွမ်းကနည်းကွဲသွားသည့်ဖန်အသဲနုနုလေးအားသိမ်းဆည်းလို့ အံ့ဩခြင်းနှင့်အတူကပ်ပါလာသည့်ဝမ်းနည်းခြင်းတစ်ပွေ့တစ်ပိုက်ဖြင့် လာရာမြို့သို့ပြန်ရပါတော့သည် ။
ရှောင်းသခင်မကြီးသာသိရင် သွေးတက်လိုက်မဲ့ဖြစ်ခြင်း ။ ဘာတဲ့ “ ကျုပ်က ဂေး ” တဲ့
ရှောင်းကျန့်ဖြင့်ဂရုမစိုက်ပေါင် ၊ သူ့မှာသည်းညှာတစ်ယောက်လုံးရှိသည်ဘဲ ။
" ငါ့ကောင်ကြီးသက်သာရဲ့လားကွ ၊ ဒေါက်တာလုပ်ခဲ့သမျှတော့အခုဒေါက်တာကိုယ်တိုင်ဖျားပြီးလားဟေ့ "
ကုဟိုင်ကရွှတ်နောက်နောက်ဆိုတော့ နေမကောင်းသည့်ကြားမှရှောင်းကျန့်နရင်းတစ်ချက်ထအုပ်ပေးလိုက်သည် ။
" နေမကောင်းတာတောင်လက်သံပြောင်နေတာ ငါကစေတနာနဲ့ကြည့်ပေးမလို့ကိုဒီနွားကတော့ "
" မလိုဘူးသွားသွား ၊ အဟွန်းငါကဆရာဝန်ကိုယ့်ကိုကိုယ်ဂရုစိုက်နိုင်တယ် "
ရှောင်းကျန့်အပြောကြောင့်ကုဟိုင်ရှောင်းကျန့်အားနရင်းတစ်ချက်လောက်ပြစ်တီးပြစ်လိုက်ခြင်သည် ။သို့ပေမဲ့မလုပ်ရက်ပေ သူမှနေမကောင်းဘဲ နေပြန်ကောင်းလာမှ ထွက်နေသည့်ယုန်သွားနှစ်ချောင်းကျွတ်ထွက်အောင်တီးပြစ်မည်ဟုစိတ်ထဲကတေးမှတ်ထားလိုက်သည် ။
ယခုနေများသူ့အတွေးတွေရှောင်းကျန့်သာကြားရင်ကုတင်ပေါ်ကကန်ချလောက်မည် ။
" ဆန်ပြုတ်ကဘေးမှာအသင့်ထည့်ပေးခဲ့တယ် ၊ ဆေးရောဘဲ ငါကတော့ဂျူတီရှိလို့သွားပြီဟေ့ "
ကုဟိုင်အပြောအားရှောင်းကျန့်ခေါင်းသာငြိမ့်ပြမိသည် ။ ကုဟိုင်ကအပေါက်သာဆိုးတာရှောင်းကျန့်အပေါ်တော့တကယ်ကိုကောင်းသည့်သူငယ်ချင်းတစ်ယောက်ပင် ငယ်ပေါင်းကြီးဖော်ဆိုလည်းမမှား
" လူရှိလားဟင် "
အိမ်ရှေ့ပေါက်မှကြားရသည့်အသံကြောင့် ရှောင်းကျန့်မျက်နှာကြီးကမျောက်အုန်းသီးရသွားသည့်နှယ် ၊ သေချာပေါက်ဒီအသံလေးကရှောင်ရှောင်းကျန့်ရဲ့တစ်ဦးတည်းသောချစ်သည်းညှာကလေးအသံပင်ဖြစ်သည် ။
أنت تقرأ
ချစ်သောမောင့်ကိုချစ်သလား ..♡ [ Doctor's Beloved]
أدب الهواةချစ်သော ကျုပ်ကိုချစ်သလားဗျ . .? အိုဗျာ .. ZSWW Fan Fiction! Zhan Shan Wei Wang by_Koe [ Start date _ Jul 15 2022 ] [ End date _ Aug 14 2022 ]