Ch_7_

2.7K 299 23
                                    

[Unicode]

"ဟေ့လူ!"

ရိပေါ်အိမ်ထဲဝင်ဝင်ခြင်းဘဲထွက်လာသည့်မာဆတ်ဆတ်အသံကမေးစရာမလိုအောင်ပင် သေချာပေါက်‌ဝမ်ရှင်းရာထံကဖြစ်သည် ။

"ဟင်"

"ဒေါ်ဒေါ်နဲ့ ဦးလေးဘယ်သွားလဲ"

"ဖေကြီးကရွာဦးဘုန်းကြီးကြောင်းမှာမေကြီးကလယ်ထဲမှာငွေဖြတ်ပေးနေတာ "

"ဪ "

" ဘာလုပ်မလို့လဲ"

"ခင်ဗျားနဲ့မဆိုင်ပါဘူးလျှာရှည်တာ "

ဒီလူကဝမ်ရှင်းရာထပ်အသက် ၁၀နှစ်ကျော်
မျှကြီးသော်လည်း ခန္ဓာကိုယ်မှာမူမကြီးထွားဘဲတစ်နေ့တစ်ခြားပိန်သွယ်လာသလို ၊ ကိုယ်နဲ့ယှဉ်ရပ်နေရင်တောင်ဒီလူမှာခေါင်းတစ်လုံးစာပင်နိမ့်နေသေးသည် ။

"မေးကြည့်တာပါ "

"မမေးနဲ့ဘယ်လိုလူမှန်းကိုမသိဘူး "

"အ့!"

မနေ့ညတွင်ဖျားထားသဖြင့်လူကမဆိုသလောက်အားနည်းနေခြင်းကြောင့်ယခုလို ဝမ်ရှင်းရာသူ့အကြီးဖြင့်တိုက်လိုက်ရင်ဘဲ ခန္ဓာကိုယ်လေးယိုင်နဲ့ကာအာမေဋိတ်အသံထွက်သွားရသည် ။

"ကျစ်! ပျော့တိပျော့ဖတ်နဲ့ "

စိတ်မကြည်သလိုပြောကာထွက်သွားသည့်ဝမ်ရှင်းရာကဘယ်တော့များမှသူ့ကိုအမြင်ကြည်လာမည်နည်း။အမြဲတစေရိပေါ်နဲ့ဆိုစကားအကောင်းမပြောသည့်ကလေးကငယ်သေးလို့ပင်ဖြစ်မှာပါဟူ၍သာပေါ့ပေါ့ပါးပါးတွေးထားလေသည်။
.

.

.

"ဒေါက်တာရှောင်းတို့ပြုံးဖြီးနေပါလားတော့"

ဆေးခန်းအတွင်းမှသူနာပြုမလေးမှာစတော့ရှောင်းကျန့်ရယ်သာရယ်မိလိုက်သည်။ တစ်ကယ်လည်းသူဒီနေ့တနေကုန်ပြုံးဖြီးနေတာဖြစ်သည် ။ မနက်နိုးကတည်းကချစ်သောရဲ့ပါးအိအိလေးကိုမွှေးကြူခွင့်ရသည့်အပြင် ချစ်သောကလေးနှင့်အကြာကြီးအတူတူရှိလာရခြင်းကြောင့်ပင်

"ဟားဟား ငါ့ကောင်ကြီးမျောက်အုံးသီးရသလိုဘဲဟေ့"

ရှောင်းကျန့်ထပ်အသက်အနည်းငယ်မျှကြီးသော်လည်းသူငယ်ချင်းလိုဘဲဆက်ဆံနေကျကုဟိုင်ကပြောလာသည်မို့ရှောင်းကျန့်လက်ထဲကတစ်သျှူးနဲ့ကုဟိုင်ကိုပြစ်ပေါက်လိုက်သည် ။

ချစ်သောမောင့်ကိုချစ်သလား ..♡ [ Doctor's Beloved]Unde poveștirile trăiesc. Descoperă acum