Ch_14_

2.5K 258 10
                                    

[ Unicode]

ရွာထိပ်ကပိတောက်ပင်ကြီးအောက်မှာထိုင်နေကြသည့်ပုံရိပ်‌ကလေးနှစ်ခု ဂျူတီကုတ်ဝတ်ထားသည့်ကောင်ကလေးမှာ အစိမ်းနုရောင်ချည်သားဝမ်းဆက်ကလေးဝတ်ထားသည့်ကောင်ကလေးအားရင်ခွင်ထဲထည့်ဖက်ထားလျက် ရှိသည် ။

အို .. လိုက်ဖတ်ပါဘိ ။

" မောင့်ချစ်သည်းညှာ မောင့်ကိုကြည့်ပါအုံးဗျ "

အခုချိန်ထိမော့မလာသည့်ခေါင်းလုံးလေးအားကြည့်လို့ပြောလိုက်သည့်ဒေါက်တာရှောင်းအသံကအူမြူးနေဟန် ။

" ဟင့်အင်း "

ရိပေါ်တကယ်ရှက်သည် ကလေးလည်းမဟုတ်ဘဲမောင့်ရင်ခွင်ထဲအကြာကြီးငိုခဲ့ပြီး မောင့်ကိုလည်းကလေးကုလားသဝန်တိုခဲ့သေးသည် ။

" ဟောဗျာ ချစ်သည်းညှာရယ် မျက်နှာကလေးပြလှည့်ပါအုံး မောင်ဖြင့်မောင့်ချစ်သည်းညှာရဲ့ရှက်နေတဲ့မျက်နှာကလေးကိုကြည့်ချင်စမ်းပါဘိဗျာ ကြည့်ချင်စမ်းပါဘိ "

မောင့်အပြောကြောင့်‌ခေါင်းငုံ့ရပ်သားကလေးရိပေါ်မှာမောင်မမြင်မှန်းသိပေမဲ့လည်းပိုရန်ကောဟူသည့်မျက်စောင်းကလေးထိုးပြစ်လိုက်သည် ။

" မောင် "

" ဗျာ ချစ်သည်းညှာ "

မောင်ဟာအခုချိန်ထိရိပေါ်အားရင်ခွင်ထဲမှမထုတ်ခဲ့သလိုရိပေါ်မှာလည်းမောင့်ရင်ဘတ်ကြီးထဲကမထွက်ခဲ့ပါ ။

" ကျုပ်မောင့်အပေါ်ကလေးဆန်မိသွားလားဟင် "

" ဆန်ခြင်သပါ့ဆိုလည်းဆန်လိုက်ပါသည်းညှာရယ်မောင်ဖြင့်သည်းညှာကလေးကိုကြည့်ရင်းအူတွေယားတာဆိုတာလေ "

" အိုး မောင်ဟာလေ ကျုပ်ကအကြီးနော်မောင့်ထပ်အကြီး "

" ‌မဟုတ်တန်ရာသည်းညှာရယ် ၊ သည်းညှာကဖြင့်သေးသေးလေးရယ် မောင်ကအကြီးကြီး "

" ဟင် ! "

မောင့်၏မရှင်းမရှင်းစကားများကြောင့် ရိပေါ်ကြောင်သွားရသည် ။ ဘာလဲအကြီးကြီးက

" ဟို မောင်ပြောတာက မောင်ကလူကောင်အကြီးကြီးလို့ သည်းညှာကသေးသေးလေးလို့ပြောတာပါဗျာ "

ချစ်သောမောင့်ကိုချစ်သလား ..♡ [ Doctor's Beloved]Tempat cerita menjadi hidup. Temukan sekarang