Ch_5_

3.2K 336 28
                                    

[Unicode]

သူရိန်နေမင်းကြီးထွက်ပြူလို့မနက်ခင်းရောက်ဖို့အစပြုချေပြီ ။ မနေ့ညကကွေးလို့ဖျားနေသည့်ကောင်ငယ်လေးမှာယခုတွင်မူသွက်သွက်လက်လက်ဘုရားအိုးများရေလဲနေသည်မှာ အဖျားမရှိတော့ဟန်။

"အားဝမ် ။ ဘုရားအိုးရေလဲပြီးရင်ဒေါက်တာလေးကိုသွားနှိုးချေအုံး "

"ဟုတ်ကဲ့ဖေကြီး ။ သားအခုဘဲသွားနှိုးလိုက်ပါ့မယ်ဗျ "

ဖေကြီးသည်ရိပေါ်၏ပြန်ဖြေသံကြောင့်ခေါင်းအသာငြိမ့်ပြီးဖတ်လက်စသတင်းစာကိုသာပြန်ဖတ်နေပေသည်။ ရိပေါ်အပေါ်ထပ်ကိုတက်လို့ ဧည့်သည်များညအိပ်ပါကအိပ်တတ်သည့်အခန်းလေးဆီသို့ဦးတည်သွားလိုက်သည် ။

"မြို့ကလူတွေကလည်းအိပ်ရေးပုတ်ရန်ကော ။ ဒေါက်တာကအခုထိမနိုးသေးဘူး "

"ဒေါက် ! ဒေါက် ! ဒေါက် "

ငြူငြူစူစူကလေးဆိုပြီးအခန်းတံခါးအားခေါက်လိုက်ရင်ဘဲ‌တစ်ဖက်မှဖြေကြားသံပြန်မလာ

"ဒေါက်တာလေးထတော့ဗျ ။ မိုးလင်းနေပြီ "

အသံပြု၍နှိုးသော်လည်းပြန်လည်ဖြေမလာသည်ကြောင့်နှုတ်ခမ်းလုံးလုံးကလေးမှာအလိုလိုဆူထွက်လာရသည် ။

"ဒေါက်တာလေး ကျုပ်ဝင်လာပြီနော်"

ဝင်လာကြောင်းသတိပေး၍အခန်းတံခါးအားဖွင့်ကာအသာပြန်စေ့ခဲ့ပြီးကုတင်အနားသို့လျှောက်လာရင်ဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ဆရာဝန်နှာဘူးလေးအားတွေ့လိုက်ရသည် ။

အနားသို့ဝင်ထိုင်တော့ ဒေါက်တာလေးကအခုချိန်ထိမနိုးသေးပေ။ ‌အိပ်နေပြန်တော့လည်းကလေးလေးအတိုင်း လူကိုရိသဲ့သဲ့လုပ်နေကျနှာဘူးကလေးကသူမဟုတ်သည့်အတိုင်းနှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်လို့ ။ ရိပေါ်ဒေါက်တာလေးနှုတ်ခမ်းပါးအောက်ကချစ်စရာ့မှဲ့နက်ကလေးကိုသူစူးစမ်းချင်ပါဘိ ။ မှဲ့ကလေးကိုထိတွေ့ချင်ပါဘိ ။

အတွေးထပ်ပင်ကိုယ်ကအရင်သွက်လှတော့ ဖြူဖြူသွယ်သွယ်လက်ချောင်းကလေးတစ်ချောင်းမှာ အိပ်ပျော်နေသောကောင်းလေး၏မှဲ့နက်ကလေးထံ တိတိပပကျရောက်လျက် ။သဘောကျဖွယ်ရယ်သံလွင်လွင်ကလေးကအလိုလိုထွက်ပေါ်လာပေသည်။

ချစ်သောမောင့်ကိုချစ်သလား ..♡ [ Doctor's Beloved]Wo Geschichten leben. Entdecke jetzt