Ch_17_

2.2K 251 6
                                    

[ Unicode]

" မောင့်ချစ်သည်းညှာ "

" အမေ့ ! "

ရွာအနီးမှတောစပ်သို့သွားရာလမ်းတွင် ရုတ်တရပ်မိမိအနားမှထွက်လာသည့်အသံကြောင့် ရိပေါ်လန့်သွားရသည်ကအမှန်ပင် ။

" အမေမဟုတ်ပါဘူး ၊ မောင်ပါဗျ "

စပ်ဖြီးဖြီးဆိုတဲ့မောင်ဟာ နေ့တိုင်းအလိုလိုရိပေါ်ဘယ်ရောက်ရောက်ပေါ်လာနေတာမို့ မောင်ဟာဆရာဝန်လားစုံထောက်လားတောင်မသဲကွဲတော့ချေ ။ ဒေါက်တာတစ်ယောက်ဖြစ်သည့်မောင်က အချိန်အတော်အများကအားနေသလိုလို၊ ဒေါက်တာမှဟုတ်ရဲ့လားတောင်တွေးယူရသည်အထိပင် ။

" ကျစ် ! ဘာတွေစဉ်းစားနေတာလဲသည်းညှာရာ မောင်တစ်ယောက်လုံးရှိနေတာကို "

သူတစ်ယောက်လုံးအရှေ့ရောက်နေတာတောင် ဂရုမစိုက်ဘူးဆိုသည့်ပုံလေးဖြင့်ကလေးတစ်ယောက်လိုကောက်တော့မည့်ဟန်ပြလာသည့်မောင့်ကြောင့်ရိပေါ်အမြန်ပင်စကားလွှဲရတော့သည် ။

" ဟင် ၊ မစဉ်းစားပါဘူး ဒါနဲ့မောင်ကဆေးခန်းမှာရှိနေရမှာမဟုတ်ဘူးလားဒီအချိန် "

ထိုအခါမှစပ်ဖြဲဖြဲပြန်ဖြစ်သွားလေသူမောင်က အပြောင်းအလဲမြန်လိုက်ပါဘိ ။

" ဒီနေ့မောင့်ဂျူတီမရှိဘူးလေ ဟဲဟဲ ၊ မောင့်သည်းညှာကရော ဘယ်သွားမလို့တုန်း မောင်ဖြင့်လွမ်းနေတာကို "

" ကျုပ်တို့မတွေ့သေးတာ ၁၀ မိနစ်တောင်မပြည့်သေးဘူးလေမောင် ။ အခုကတောစပ်နား မျှစ်သွားချိုးမလို့ ၊ ဖေကြီးရယ်လေ ငပိရည်နဲ့မျှစ်ပြုတ်ကလေး မြုပ်ခြင်လို့ဆို လို့ ။ "

" မောင်လဲချစ်သည်းကိုချိုးမယ်လေ ၊ အမ့် မျှစ်ကူချိုးမယ်လို့ပြောတာ "

" မောင်နော် ပြောင်ချော်ချော်နဲ့ "

ရိပေါ်စကားကြောင့် မောင်ဟာလျှာထုပ်လို့စပ်ဖြီးဖြီးကလေးလုပ်ပြတော့ရိပေါ်ဖြင့်သဘောကျလိုက်ရတာဆိုတာလေ ၊ မောင်ဟာတကယ့်အနောက်ကလေးပါဆို

" ချစ်သည်းညှာကလည်းမောင်ကချစ်လို့ပါ ၊ လာ မောင့်လက်ကိုတွဲထား အတူသွားမယ် "

ချစ်သောမောင့်ကိုချစ်သလား ..♡ [ Doctor's Beloved]Where stories live. Discover now