Ch_3_

3.6K 334 18
                                    

[ Unicode]

"ဗျို့ သူကြီးရေ! သူကြီး"

မနက်ဝေလီဝေလင်းအချိန်၊ ရွာဘုန်းကြီးကျောင်းမှဆွမ်းကပ်ပြီးအပြန်အိမ်ကလေးအတွင်းခဏထိုင်နားနေသည်မှမကြာ ၊ ရွာထဲမှကာလသားတစ်ယောက်အသံကြားတာမို့ရိပေါ်ထွက်ကြည့်လိုက်သည်။

"ကိုကြီးကျိုးလုံပါလားဗျ၊ ဖေကြီးကဘုန်းဘုန်းနဲ့ရပ်ရေးရွာရေးတိုင်ပင်နေတယ်ဗျ အိမ်မှာမရှိဘူးရယ်"

"သူကြီးမရှိလဲအားဝမ်ဘဲလိုက်ခဲ့လို့ရလားကွာ၊ ဝမ်ရှင်းရာ ရယ်လေ ကြက်ဝိုင်းမှာဟိုဘက်ရွာကကောင်တွေနဲ့ရန်ဖြစ်နေလို့ ထိန်းမနိုင်သိမ်းမရပါဘဲ"

"အို!လိုက်ခဲ့ရမှာပေါ့ဗျာ လိုက်ခဲ့ရမှာပေါ့ဘယ်မှာတုန်းကိုကြီးကျိုးလုံ"

ရိပေါ်ရင်တည်းထိတ်ကနည်းဖြစ်သွားရသည်။ ဝမ်ရှင်းရာဆိုတာ ဖေကြီး၏ညီဖြစ်သူဦးလေးဝမ်ဟုန်၏သားဖြစ်သည် ။တစ်နည်းအားဖြင့် ရိပေါ်ရဲ့ညီလေးပေါ့ ။ရိပေါ်ကအေးသလောက်ဒီကောင်လေးကတော့ဆိုးလိုက်တာမှ

"လာ အားဝမ် ကိုကြီးလိုက်ပြမယ် ကွဲကြပြဲကြဖြစ်ကုန်မှာဆိုးလို့ဟေ့"

ပြောလည်းပြောရင်းအရှေ့မှသုတ်ပြာသုတ်ပြာထွက်သွားသောကိုကြီးကျိုးလုံနောက်သို့ရိပေါ်အပြေးကလေးလိုက်ရသည် ။ ရှင်းရာကလေး ဘာမှမဖြစ်ပါစေနဲ့။

"မင်းကများ! တောက်ခ်!!"

ရန်ပွဲကိုရောက်ရောက်ချင်းဘဲတစ်ဖတ်ရွာကကောင်လေးတစ်ယောက်အပေါ်ခွကာထိုးကြိတ်လျက်၊ ပါးစပ်မှလည်းဆဲရေးတိုင်းထွာနေသောဝမ်ရှင်းရာ ။

"ရှင်းရာ ..! တော်ကြပါတော့ အိုး။ ကွဲကြပြဲကြကုန်ရော့မယ် တော်ကြပါတော့ "

ရိပေါ်မှာ ပွဲကြီးလှသည့်ရန်ပွဲအတွင်းမနည်းဝင်ဆွဲကာတားရ၏ မတားလို့လည်းမရတော်ကြာသွေးထွက်သံယိုတွေပါဖြစ်ကုန်ရော့မည် ။

"ခင်ဗျား လျှာဝင်မရှည်နဲ့လွှတ်!"

‌ပြောပြောဆိုဆိုဖြင့် ဝင်ဆွဲလေသောရိပေါ်ခန္ဓာကိုယ်လေးကိုအားဖြင့်ဆောင့်တွန်းပြစ်လိုက်တာမို့ အနီးကသစ်ပင်နှင့်ခေါင်းဖြင့်အုန်းကနည်းတိုက်မိသွားရသည် ။

ချစ်သောမောင့်ကိုချစ်သလား ..♡ [ Doctor's Beloved]Where stories live. Discover now