⚠︎ Little Warning ⚠︎
[ Unicode]
" ဘာကိုမနာတာလဲချစ်သည်းညှာရာ ! အဲ့လောက်ထိ နီရဲနေတာကို ဘယ်သူကလုပ်လိုက်တာလဲချစ်သည်းညှာ မောင့်ကိုပြောပြစမ်းပါကွာ "
ရိပေါ်ပါးပြင်အားအသာထိကြည့်ပြီးမေးလာသည့်မောင်ကအားမလိုအားမရဖြစ်နေဟန် ။ ဒီလိုဖြစ်အောင်လုပ်ခဲ့တာမောင့်မေမေပါဟူ၍ရိပေါ်ပြောမထွက်ပါ ။
" ဟင့်အင်း မနာဘူးရယ် ထားလိုက်တော့နော်ထပ်မမေးနဲ့တော့ ကိုကို့စကားနားထောင်မယ်မလားမောင်က "
ချစ်သည်းညှာကအဲ့သလိုလည်းချုပ်တတ်ပါသေးသည် ၊ တမင် ဒီကောင်မခံနိုင်မှန်းသိရဲ့သားနဲ့ ! သည်းညှာကအဲ့ဒီလိုဆိုးပါ၏။
" ချစ်သည်းညှာရာ ! ဒီကောင်မခံနိုင်မှန်းသိလို့တမင်ချွဲနေတာ အဆိုးလေးဗျာ ! "
ရိပေါ်အသာပြုံးလို့မောင့်လက်အားဆွဲကာအနီးရှိသစ်သားကုတင်ပေါ်တွင်ထိုင်စေလို့ ၊ နံရံထောင့်ကဗီဒိုအပေါ်ဘက်တွင်တင်ထားသောဆေးဗူးအားယူရသည် မောင့်လက်လေးပွန်းသွားတာသူမြင်သောကြောင့်ဆေးထည့်ပေးရမည် ။
မောင်ကတော့ဆူပုပ်ပုပ်ဖြင့်ရိပေါ်လုပ်သမျှအားလိုက်ကြည့်နေပေ၏။ အနားဝင်ထိုင်ပြီးမောင့်လက်အားဆွဲယူကာဆေးထည့်ပေးတော့ မောင့်ကိုယ်တွန့်သွားတာရိပေါ်မြင်ဖြင့်အောင်မြင်ပါသေးသည်။
" စပ်သလားမောင် စပ်ရင်ကျုပ်ကိုပြော မခံနိုင်ရင်ကျုပ်ပုခုံးကိုကိုက်လိုက်လို့ရတယ်ရယ် "
စကားတတွတ်တွတ်ပြောနေသည့်ချစ်သည်းညှာက ရှောင်းကျန့်၏လက်တွင်သာအာရုံအလုံးစုံရှိနေ၏။ရှောင်းကျန့်လဲချစ်သည်းညှာ၏ပုခုံးပေါ်ခေါင်းအားမှီတင်လိုက်ကာ မြင်နေရသောလည်တိုင်သားဖွေးဥဥကလေးအား ဆွဲစုပ်ပြစ်လိုက်လျှင်ဘဲ ချစ်သည်းညှာခန္ဓာကိုယ်လေးကတုန်တက်သွား၏။
" အင့် .. "
နာနေသည်ထင်ရိပေါ်လည်တိုင်တွေပါဆွဲစုပ်လာသည်မို့အနည်းငယ်လန့်သွားသည်ကအမှန် ၊ အနာအားမှုတ်ပေးရန်ပြင်သော်လည်းမောင်က လည်တိုင်တွေအားနေရာမလပ်ထပ်မံတိုးဝှေ့နမ်းရှိုက်လာသောကြောင့် ရိပေါ်ကြက်သီးများဖြန်းကနည်းထသွားရသည် ။
YOU ARE READING
ချစ်သောမောင့်ကိုချစ်သလား ..♡ [ Doctor's Beloved]
Fanfictionချစ်သော ကျုပ်ကိုချစ်သလားဗျ . .? အိုဗျာ .. ZSWW Fan Fiction! Zhan Shan Wei Wang by_Koe [ Start date _ Jul 15 2022 ] [ End date _ Aug 14 2022 ]