Extra [ 2 ]

2.1K 187 8
                                    

[ Unicode]

" လက်ခံပေးပါ ဒေါက်တာ၊ ညီမက စားစေခြင်လို့ "

ယွဲ့မေ ဒေါက်တာကိုကို့အားထမင်းချိုင့်လေးထိုးပေးတော့ ဒေါက်တာကိုကိုက မျက်ခုံးပင့်ကာကြည့်လာသည် ။ ယွဲ့မေရဲ့ဒေါက်တာလေးက မျက်ခုံးပင့်တာကအစကြည့်ကောင်းနေလိုက်တာများ !

" လက်ခံပါ ဒေါက်တာရယ် "

‌အရှေ့မှကောင်မလေးအားကြည့်ပြီး ရှောင်းကျန့်အခတ်တွေ့လေချေပြီ ။ ဒီကောင်မလေးက ‌ရွာကိုအလည်လာတဲ့ဧည့်သည်ရဲ့သမီးဖြစ်သည် ။ ကောင်မလေးအဖေဖြစ်သူနေမကောင်းတုန်းက ရှောင်းကျန့်သွားကုပေးကတည်းက ရှောင်းကျန့်နားတစ်ကပ်ကပ်နှင့်ပင် ။ ချစ်သောအမြင်မကြည်တာတောင်ရှောင်းကျန့်ခံခဲ့ရပါသေးသည် ။

ထိုအချိန်ခါတုန်းကဆို ချစ်သောကိုအချိန်အကြာချော့လိုက်ရသည်ကိုပင် ရှောင်းကျန့်မှာအူတွေကိုမြူးလို့ ။

" ကျေးဇူးပါဗျာ "

ဆက်ငြင်းလို့လဲမကောင်းတာမို့ အီလည်လည်ပြုံးကာ လူမှုရေးအရလက်ခံလိုက်ရသည် ။ နောက်မှဆေးခန်းက အစ်မတွေကိုကျွေးပြစ်ရအုံးမည် ။

" ဟိဟိ .. ဒါဆိုယွဲ့မေသွားပြီနော် ကိုကို အဲ့လေ ဒေါက်တာပြောတာ "

မိန်းကလေးတန်မဲ့ မထိတရိဆိုကာ ထွက်သွားတဲ့ကောင်မလေးကိုကြည့်ကာ ရှောင်းကျန့်ခေါင်းတစ်ချက်ရမ်းလိုက်မိသည် ။ မောင့်ချစ်သက်ညှာကလေးလောက်တောင် ချစ်ဖို့မကောင်းလိုက်တာ ။

ပြောရင်းဆိုရင်း ချစ်သည်းညှာကလေးကိုတောင်လွမ်းသွားရပြန်သည် ။ တစ်ရက်မှာ ၂၄ နာရီရှိရင် ၂၅နာရီလောက်ကချစ်သောကိုလွမ်းနေတာနဲ့တင်မအားဘူး သူ့မှာ ။

" မောင် "

" ဟော မောင့်အမောပြေလေးရောက်လာပြီ "

ထမင်းချိုင့်လေးကိုင်ကာအနားလျှောက်လာသည့် ချစ်သည်းညှာကြောင့် လက်ထဲကထမင်းချိုင့်အား ခန္ဓာကိုယ်ဖြင့်ကွယ်ကာ အနောက်မှအမှိုက်ပုံးထဲသို့လွှင့်ပြစ်လိုက်သည် ။ မလွှန့်ပြစ်လို့လဲမရ သကြားသီးကလေးသိရင် စိတ်ဆိုးမှာကြောက်သည် ။

ချစ်သောမောင့်ကိုချစ်သလား ..♡ [ Doctor's Beloved]Where stories live. Discover now