Ch_11_

2.6K 273 19
                                    

[ Unicode]

" ချစ်သောမောင့်ကိုချစ်သလား ဗျာ ချစ်သလားပြောစမ်းပါဗျာ "

" အိုဗျာ .. "

တစ်ရှောင်ရှောင်ဖြင့်ချစ်သက်ညှာကလေးအား မမြင်ရရင်မနေနိုင်တဲ့ဒီကောင်ကြီးကဘဲ ဘုန်းဘုန်း ဆွမ်းချိုင့်ပို့ပြီးအပြန် ဂျူတီကုတ်ကြီးတကားကားဖြင့်အတင်းလမ်းကြောင်းပိတ်ရသည် ။

ရှောင်ပြေးတာကချစ်သောမူပိုင်ဆို လိုက်ဖမ်းရမှာကမောင့်တာဝန်ထား ။

" ‌ချစ်သောဘဲဟိုတစ်ခါမောင်လို့ခေါ်ပြီး အခုကျလူကိုရှောင်နေတယ် သူကြီးသားတို့က ၊ စားပြီးနားမလည်လုပ်တာလားဗျာ "

" အိုး ၊ ပေါက်ကရလေးဆယ်မပြောပါနဲ့  "

ရှောင်းကျန့်၏ဂြိုလ်သားစကားများကြား သူကြီးသားကလေးမှာတော့ဘာမှပင်လိုက်မမှီတော့ပါ ။

ဘာတဲ့ စားပြီးနားမလည်တဲ့လား ဒီကဖြင့်သူ့ကိုစားကိုမစားဘူးပေါင် ၊ သူကသာဒီလူ့နှုတ်ခမ်းကိုဝါးစားပြီးတော့များ အဟွန့် !

" ဟော .. ဟော ဘာတွေတွေးပြီးနှုတ်ခမ်းကလေးဆူလာပြန်ပြီလဲ မောင့်သမာဓိကိုလာစမ်းနေတာလား ဝမ်သူကြီးသားလေးရာ "

" ‌တော်ပြီ ကျုပ်အရှေ့ကဖယ် "

အရှက်မရှိသည့်ဒေါက်တာ့ကိုယ်ကြီးအားအတင်းတွန်းဖယ်လို့ ခြေလှမ်းခပ်မြန်မြန်လှမ်းရသည်မှာ တစ်ရိပ်ရိပ်ပူတက်လာသောပါးပြင်များကြောင့်ပင် ။အဲ့နေ့က ‌ထိုကောင်လေးကိုမောင်လို့ခေါ်လိုက်သည်မှာ ဦးနှောက်အားနှလုံးသားကချုပ်ကိုင်သွားသောကြောင့်ပင် ။

" ရတယ်လေ ခြေတစ်လှမ်းထပ်လှမ်းရင်မောင့်ကိုမချစ်ဘူးဘဲယူစ‌မယ် ၊ ပြီးတော့ မောင် .. မင်းကိုထပ်မနှောက်ယှက်တော့ဘူး "

အပြောသာရှိသော်လည်းစိတ်ထဲတွင်တော့ခြေတစ်လှမ်းထပ်လှမ်းတာနှင့် လှည်းတင်ပြေးဖို့စဉ်းစားထားပြီးသားပင် ။

ရှောင်ကျန့်လား သက်ညှာကိုလက်လွတ်နေအုံးမယ် ချစ်လို့တောင်မဝတာကို ဝေးလေစွ‌ ၊ အဟွန်းးစာဖတ်နေတဲ့အစ်မကြီး တို့လည်းသက်ညှာကိုကျုပ်ထပ်လာကြူးရင်ဒယ်ပြားနဲ့ချမယ် ။

ချစ်သောမောင့်ကိုချစ်သလား ..♡ [ Doctor's Beloved]Where stories live. Discover now