Ch_24_

2.3K 239 17
                                    

[ Unicode]

" ဟင့်အင်း ! ဖယ်ပေးပါ ! "

ဖရိုဖရဲအင်္ကျီအဝါနုရောင်လေးကပုခုံးသားဝင်းဖန့်ဖန့်လေးကိုတောင်လုံအောင်မဖုံးနိုင်တော့ ။ ရိပေါ်ကြောက်စိတ်များနှင့်အတူရွံရှာစိတ်များကအလုံးအရင်း ဒီလူကြီးတွေကလူကိုအတင်း ..

" တောက်ခ်! ခွေးမသားတွေ !! မင်းတို့ကိုအကုန်သတ်ပြစ်မယ် "

စက်ရုံပျက်ကြီးအတွင်းဟိန်းထွက်လာသည့်အသံကအားနဲ့မာန်နဲ့အပြည့် ။ ထိုအသံကြောင့်ရင်ထဲနွေးသွားရသလို လုံခြုံသွားပြီဟု၍လည်းခံစားလိုက်ရသည် ။

အကြိမ်ကြိမ်တမ်းတမိသူကရောက်လာခဲ့ပြီလေ !

သို့သော်ငြား ! နောက်ဆက်တွဲဝင်လာသူကဝမ်ရှင်းရာ ! ဘယ်လိုလုပ်ပြီးများ ..

" တောက်ခ်! "

" ဝုန်း ! ခွပ် ခွပ် ! "

တောက်ခ်ခေါက်သံကျယ်ကျယ်နှင့်အတူ ရိပေါ်ကိုရမ်းကားနေသည့်လူကြီးများကိုမောင်နှင့်ရှင်းရာကအသေအကြေထိုးကြိတ်နေကြသည့်ရန်ပွဲကရိပေါ်မျက်စိရှေ့တည့်တည့် ။

နှစ်ယောက်နဲ့အများဖြစ်သော်လည်းခံရသည်ကအနည်းအကျင်းသာ ၊ ဝမ်ရှင်းရာကရွာမှာခဏတိုင်းထိုးကြိတ်ဖူးနေတော့အကြောင်းမရှိပေမဲ့ ၊ မောင့်လိုလူ‌ရည်မွန်ဆရာဝန်လေးကအဲ့လောက်ကြီးအထိဒေါသအပြည့်နဲ့ထိုးကြိတ်နေသည်မှာခံရသူကသွေးအလိမ်းလိမ်း ၊ ရိပေါ် မောင့်၏အခုလိုပုံကိုတစ်ခါမှမမြင်ဘူးခဲ့ပေ ။

" သက်ညှာ ဘာမှမဖြစ်သွားဘူးဘဲ ၊ တော်သေးတာပေါ့ ! တော်သေးတာပေါ့ဗျာ ! "

မောင်ကထိုးကြိတ်နေရင်း မျက်ရည်ဝိုင်းလေးဖြင့်ကြည့်နေသည့်ရိပေါ်အားမြင်ကာမှအသိဝင်လာသူလိုအနားပြေးလာပြီး ၊ ချုပ်တည်းထားသည့်ခံစားချက်ပေါင်းစုံလျော့သွားဟန် “တော်သေးတာပေါ့ ”
ဆိုသည့်စကားလုံးကိုသာထပ်ခါထပ်ခါဆိုလို့ သူ့အပေါ်ဝတ်အင်္ကျီအညိုရောင်ကြီးအားခြုံပေးလာသည် ။

သူအရူးတစ်ပိုင်းလမ်းမထပ်တွေ့ရာကားငှားကာရွာသို့အမြန်ပြန်လာသော်လည်းချစ်ဦးသူအားရှာမတွေ့ခဲ့ပေ ၊ ကံကောင်းသည်ကား ဝမ်ရှင်းရာကဒေါသတကြီးအော်လို့သူ့ကိုထိုးနှုက်လာသည်မှစသည် ။

ချစ်သောမောင့်ကိုချစ်သလား ..♡ [ Doctor's Beloved]Where stories live. Discover now