Ch_25_

2.4K 226 4
                                    

[ Unicode]

“လူနာကအသက်မရှိတော့ဘူး”

ဆေးရုံခန်းထဲမှထွက်လာသော ဆရာဝန်၏စကားကြောင့်ဝမ်ရိပေါ်ရဲ့မျှော်လင့်ချက်ကလေးမှာအလဲလဲအပြိုပြို ၊ မောင်ကကြိုသိနေသည့်အလား မျက်နှာလေးမှာအနည်းငယ်ပျက်နေရင်း ရိပေါ်ကိုသာသူ့ရင်ခွင်ကျယ်ကြီးထဲထွေးဖက်ပေးထားသည်။

" ဒေါက် .. ဒေါက်တာနောက်နေတာမလားဟင် ၊ ဒေါက်တာကျုပ်ကိုစနေတာမလား "

ချစ်သောပုံစံကလေးက ဝမ်ရှင်းရာသေဆုံးသွားသည်ကိုလက်မခံနိုင်သောပုံစံလေးဖြင့် ၊ စိတ်လွတ်နေသူလေးတစ်ယောက်လိုဒေါက်တာ့အားကြည့်ကာပြောတော့ ကြားထဲကရှောင်းကျန့်ကဘဲချစ်သည်းညှာအားရင်ခွင်အတွင်းပိုပိုက်လို့အသံတိတ်ဘဲမျက်ရည်ကျရတော့သည် ။

ချစ်သောအရှေ့မှာအဲ့ဒီဖြစ်ရပ်ကြီးဖြစ်သွားတော့ သူလေးကအဘယ်မျှနေနိုင်ပါတော့မလဲ ။ ဘယ်လောက်တောင်လန့်သွားရှာလိမ့်မလဲ ။ ထိုအရာတွေအားလုံးဆက်စပ်ကြည်တော့ ဒါတွေအကုန်လုံးကသူ့ကြောင့်သာ ၊ သူသာရှောင်းမိသားစုမှာမမွေးဖွားခဲ့ပါလျှင် ထိုမိန်းမ၏အသုံးချမှုများလဲခံရတော့မည်မဟုတ်ချေ ။ အပြစ်မဲ့သည့်ကလေးတစ်ယောက်လဲလောကကြီးမှထွက်ခွာရမည်မဟုတ်ပေ ။

" မောင့် .. ဒေါက်တာကလေ ကျုပ်ကိုစနေတာသိလား ၊ ရှင်းရာကခဏလေးဘဲအိပ်မှာပါလို့ကျုပ်ကိုပြောခဲ့တယ်လေ သူကပြန်နိုးလာမှာမဟုတ်လား
ဟင် "

ဒေါက်တာကစိတ်မကောင်းသလိုကြည့်ပြီးထွက်သွားတော့ ၊ ချစ်သောထံမှမေးမြန်းသံခပ်အက်အက်ကလေးကအလိုလိုထွက်လာရသည် ။ ငိုထားလွန်းလို့ဖောင်းအစ်နေသည့်မျက်ခွံမို့မို့လေးအားအနမ်းတစ်ချက်ခြွေလိုက်ပြီး ။

" အင်း မောင်ပြောပြမယ်နားထောင်နော် ၊ ဝမ်ရှင်းရာကအိပ်ပျော်နေပြီမောင့်အသက်ရဲ့ ။ သူ့ရဲ့အိမ်မက်လှလှလေးထဲမှာသိပ်ကိုပျော်နေပြီမလို့ နိုးမလာတော့ဘူး မောင့်အချစ်ရယ် "

ဘာဝမ်းနည်းစရာတစ်စွန်းတစ်စမှမပါသော်လည်း မောင့်စကားများကြောင့် နီရဲရဲမျက်ခမ်းစပ်ကလေးထပ်မျက်ရည်များပြန်လည်ရစ်သိုင်းလာရသည် ။ ငိုရပါများလွန်းလို့ မျက်ခမ်းစပ်လေးလည်းပင်ပန်းနေရှာ‌ရော့မည်။

ချစ်သောမောင့်ကိုချစ်သလား ..♡ [ Doctor's Beloved]Where stories live. Discover now