Extra [4]

1.7K 147 12
                                    

[ Unicode]

" ကွာရှင်းမယ် ! မင်းနဲ့ကွာရှင်းမယ် အဟင့် "

ခပ်ဆတ်ဆတ်ဒေါသသံလေးနောက်တွင် ရှိုက်သံသဲ့သဲ့လေးကကပ်ပါလာသည် ။ ငိုထားသဖြင့်ခပ်အုပ်အုပ်အသံလေးဖြင့်ပြောလာသည့်သက်ညှာကဒီကောင့်အသဲတွေကိုတမင်များနင်းခြေနေလေရော့သလား ။

" အသည်းညှာ ! အဲ့လိုတော့မပြောပါနဲ့ကွာ "

သူ၏အူသည်းညှာကလေးအားပြောလေသောရှောင်းကျန့်အသံမှာပျားသကာရည်စိမ်ထားသကဲ့သို့ချိုမြိုင်လှသော်လည်း စိတ်ဆိုးနေသူ၏အကြားအာရုံထဲတွင်တော့ကန့်လန့်ကြီးတိုးဝင်သည် ။

" ဟင့်အင်း! ကွာမှာ ဒေါက်တာနဲ့ကွာကိုကွာမှာ"

အတင်းကာရော ကွာမည်ဆိုသည့်စကားလုံးအားပါးစပ်မှမချသည့် အူအသည်းညှာလေးကြောင့် ရှောင်းကျန့်၏အသဲနှလုံးမှာမူ သူ၏ခြေမထိပ်စားပွဲခုံခြေဖြင့်အားနှင့်မာန်နှင့်ပြေးတိုက်တာထပ်ပို နာကျင်ရသည် ။

" သတ်လိုက သတ်ပါ ၊ ရိုက်လိုက ရိုက်လိုက်ပါ စကားအရာနဲ့တော့မောင့်ကိုမသတ်ပါနဲ့ ချစ်သက်သည်းညှာရယ် ဘာဘဲဖြစ်ဖြစ်မောင်ကဘဲမှားပါတယ်ကွာ"

မောင်ကချော့နေသော်လည်း ရိပေါ်ရင်ထဲမှအပူမီးအားမငြိမ်းသက်နိုင်ချေ။ တလောကမှမြို့မှတာဝန်ကျသည့် ကျောင်းဆရာမလေးနဲ့ မောင်ကတပူးပူးတတွဲတွဲရှိသည်ဟုရွာအတွင်း သတင်းတွေခဏတိုင်းထွက်သည်။

ထိုသို့သတင်းထွက်သည်လည်းထွက်ချင်စရာပင် မောင်နှင့် ထိုဆရာမလေးအား ရိပေါ်မောင့်ကိုထမင်းချိုင့်သွားပို့တိုင်းတွေ့နေရသည်မို့ စိတ်ကလေးဟာလည်းသိပ်ပြီးမကြည်ချင်တော့ပေ ။

ဒီနေ့တွင်တော့ရိပေါ်မောင့်ကိုအတော့်ကိုစိတ်ဆိုးပါသည် ။ မနက်ကလည်းအစောကြီးထသွားတယ် နေ့လည်ကလည်းထမင်းချိုင့်လာပို့တော့ထွက်မယူဘူး အပြန်ခါကျတော့လည်း ‌ထိုဆရာမလေးနဲ့ပြန်လာ၏။ ရိပေါ်စိတ်ဆိုးတာလည်းမဟုတ်သလိုဒေါသထွက်ခြင်းလဲမဟုတ် ။ ရိပေါ်ဝမ်းနည်းခြင်းဖြစ်သည်။ မောင်ကသူ့ကိုအရေးမပေးသလိုခံစားလိုက်ရသည့်အခိုက်အတန့် ကလေးလေးတစ်ယောက်လိုအော်ဟစ်ငိုယိုပြစ်ချင်သည် ။

ချစ်သောမောင့်ကိုချစ်သလား ..♡ [ Doctor's Beloved]Where stories live. Discover now