Ch_10_

2.8K 286 10
                                    

[ Unicode]

" မလွန်ဆန်နိုင်~
နှလုံးသားထဲရစ်နှောင်တွယ် ~
ပတ်လို့ဖြင့်ထားတော့လည်း ~
အတွေးခတ်တယ် သံယောဇဉ် ~~
ငယ်ရွယ်သူ ဖြစ်တော့လဲ ချစ်တာဘဲ ~
ဦးစားပေးသိနေတယ် ၊ အတွေးခတ်တယ်ဇာတ်လမ်းမှာ ~
ကြားလူတွေ ဖြတ်လို့တော့
နောက်မဆုတ်ဘူး ~
စမိတဲ့အချစ်တွေကို
ရုတ်သိမ်းဖို့မတောင်းဆိုနဲ့ ~ "

မြင်းလှည်းလေးအတွင်း ဦးမာရဇ္ဇအသံနှင့်အတူ ကပ်ပါလာသော မောင့်အသံချိုမြမြလေးကရိပေါ်နားအတွင်း တစ်ငြိမ့်ငြိမ့်စီးဝင်တယ် ။ မောင်သီချင်းဆိုပြရင် ရိပေါ်ဖြင့်တအားသဘောကျတာဘဲ ။

" ဟင် "

မျက်လုံးလေးမှိတ်ကာကိုယ့်အတွေးနဲ့တွေးနေတုန်းပါးစပ်ထဲရောက်လာသည်က စတော်ဘယ်ရီအနံ့မွှေးမွှေးလေးနဲ့ သကြားလုံးလေးပင်ဖြစ်သည် ။ လျှာပေါ်ကချိုမြမြအရသာလေးကိုသဘောကျ၏။

" ချိုပါရဲ့လား မောင့်အသည်းသက်ညှာ "

" ကျုပ်က ကလေးလားမောင် "

" ဗျာ ! "

ဩရှရှအသံလေးနှင့်ခေါ်လိုက်သည့် မောင်ဆိုတဲ့နာမ်စားလေးကြောင့် ရှောင်းကျန့်နှလုံးသားတို့မှာဗြောင်းဆန်နေလျက် ဗျာဟုပင်တရမိသည်အထိ ။

" ကျုပ်က ကလေးလားလို့ .. မောင်ကသကြားလုံးတွေလာကျွေးနေလို့လေ "

" ဟာဗျာ သတ်လိုကသတ်လိုက်ပါ ။အဲ့လိုကြီးတော့မောင့်ကိုနှလုံးခုန်လွန်အောင်လုပ်ပြီးမသတ်ပါနဲ့သက်ညှာရယ် ဒီကောင်ကြီးပျော်လွန်းလို့ရူးရ‌ရင်ဖြင့် ၊ခက်ရပါဘိ အသည်းအသက်ရယ် မောင်ဖြင့် ခက်ရပါဘိဗျာ "

သက်ညှာရဲ့စကားကြောင့် ရှောင်းကျန့်တကယ်ပင်ရူးရပါတော့မည် ။ မောင်လို့ခေါ်သံလေးကနားထဲတဝဲလည်လည် ရှောင်းကျန့်တော့ဝမ်ရိပေါ်ဆိုတဲ့သက်ညှာကြောင့် အရူးရင့်နေပြီထင်ပါရဲ့ ။

သက်ညှာဟာ မောင့်အတွက်တော့ရုန်းလေနစ်လေ အချစ်နွံလေးပါဘဲဗျာ အချစ်နွံလေးပါဘဲ ။

" အိုး ဘယ်ရူးလို့ဖြစ်မလဲဗျ ၊ သက်ညှာကအရူးကိုတော့ ချစ်သူမတော်နိုင်ပေါင် "

ချစ်သောမောင့်ကိုချစ်သလား ..♡ [ Doctor's Beloved]Where stories live. Discover now