[ Unicode]" ရော့ ! ဒီငွေကိုယူပြီးငါ့သားကိုလမ်းခွဲပေး "
ငွေစက္ကူအထပ်လိုက်အားရိပေါ်အရှေ့ပြစ်ပေးလာသည့်ရှောင်းသခင်မကြီးက မြန်မာကားတွေအကြည့်များနေလေသလား ။
" ဒေါ်ဒေါ်ရှောင်းပြောချင်တာက ၊ ကျုပ်ဘက်က
မောင့်ကိုလမ်းခွဲပေးရမယ်လား "ရိပေါ်ကရွာကရိုးရိုးသားသားကောင်လေးတော့ဟုတ်ပါတယ် သို့ပေငြား ယခုကမောင်နဲ့ပတ်သတ်လာသည်မို့ အကြီးဖြစ်သည့်သူသတ္တိမရှိရင် မောင်ဖန်းဆင်းသည့်အချစ်လမ်းဘယ်ဖြောင့်ဖြူးပါတော့မလဲ ။
" အင်း ၊ ငါဘာပြောလည်းမင်းသိမှာပါ မင်းနဲ့ငါ့သားကမဖြစ်နိုင်ဘူး ငါ့သားကဆရာဝန်တစ်ယောက်!အောင်မြင်ဖို့ အလားအလာရှိတယ် ပြီးတော့မျိုးရိုးမြင့်တဲ့မိန်းကလေးမျိုးနဲ့လက်ထပ်ရမှာပေါ့ မင်းလိုဘာမဟုတ်တဲ့အညတရကောင်လေးနဲ့တင်ဇာတ်မြုပ်မယ်လို့မင်းထင်နေတာလား ။ ပြီးတော့ ငါ့သားကမင်းကိုလူငယ်သဘာဝစိတ်ကစားတာဆိုတာ မသိတာလား "
ရှောင်းသခင်မကြီးစကားတွေကလူကြီးတန်မဲ့တစ်ဖတ်သားအားနှိမ့်ချပြောဆိုနေသည်မို့ တော်ရုံဒေါသမထွက်တတ်တဲ့သူတောင်စိတ်ထဲနေရခတ်သွားရသည် ။ မျိုးရိုးမြင့်တွေကမျိုးရိုးဘဲမြင့်တာ ၊ စိတ်ဓာတ်တွေကတော့အောက်ဆုံးမှာ ! အဲ့လို
လူကုန်ထန် မျိုးရိုးတွေထဲမှာမှ တစ်ဖတ်သားအတွက်စဉ်းစားပေးတတ်တာမောင်သာရှိ၏။" စိတ်တော့မရှိပါနဲ့ဒေါ်ဒေါ် မောင့်ဘက်ကကျုပ်ကိုစိတ်ကစားတယ်ဆိုတာမောင်ကိုယ်တိုင်ပြောမှယုံမှာမို့ပါ ပြီးတော့ မျိုးရိုးမြင့်သည်ဖြစ်စေ နိမ့်သည်ဖြစ်စေ အချစ်ဟာအချစ်ပါဘဲဒေါ်ဒေါ် ဖူးစာပါရင်ညားမှာဘဲ ဘယ်အရာမှရှောင်လွှဲလို့မရဘူးလေဗျ ။ ပြီးတော့ ကျုပ်ကမောင့်ကိုချစ်တယ် ! "
မောင်ကရိပေါ်ကိုချစ်သည် ရိပေါ်လည်းမောင့်ကိုချစ်သည် ။ ဒါဘဲလေ ကျန်တာဘာမှမလိုတော့ဘူး
" မင်း ! အောက်တန်းစားကများ ! ငါ့သားကိုချစ်တယ်တဲ့လား အပိုတွေမပြောပါနဲ့ကောင်လေး ငါ့သားချမ်းသာမှန်းသိလို့ မင်းကယောက်ကျားတန်မဲ့အပီဖမ်းထားတာဆိုတာ ငါမသိဘူးများထင်နေသလား "
YOU ARE READING
ချစ်သောမောင့်ကိုချစ်သလား ..♡ [ Doctor's Beloved]
Fanfictionချစ်သော ကျုပ်ကိုချစ်သလားဗျ . .? အိုဗျာ .. ZSWW Fan Fiction! Zhan Shan Wei Wang by_Koe [ Start date _ Jul 15 2022 ] [ End date _ Aug 14 2022 ]