Extra[5]⚠︎

2.2K 114 10
                                    

[ Unicode]

ဒီဇင်ဘာလဖြစ်သည်။ ဒီဇင်ဘာဆိုသလိုအေးစက်စက်အငွေ့အသက်တွေကရွာငယ်ကလေးထပ်ညှာတာမှုကင်းမဲ့စွာ‌အစွမ်းကုန်အေးခဲနေစေသည်။

အဖြူရောင်မြူနှင်းဟူ၍အမည်ခံသော်လည်း အကောင်အထည်ပေါ်အောင်မမြင်ရဘဲရေစက်များအသွင်ဖြင့်သာတစ်ပေါက်ပေါက်ဖြင့်နှင်းကျလျက်ရှိချေသည်။

  ဟိုဘက်ခြံက ညတိုင်းညတိုင်း ~~

စာအကျယ်ကြီးကျက် တတ်တဲ့ ~~

ဆယ်တန်းကျောင်းသူကို ~~

ကျွန်တော်တို့အဖွဲ့ကချစ်စနိုးလေးနဲ့ ~~

ရေဒီယိုကမာရွတ်လို့ပေးထားတယ် ~~ ”

ကတ်ဆက်တွင်လာနေသော ရေဒီယိုကမာရွတ်သီချင်းသံအား အသံသဲ့သဲ့လေးဖြင့်လိုက်ကာညည်းရင်းပဲပြုတ်များအားဆီဆမ်းနေသည့်ရိပေါ်ကလေးကတက်တက်ကြွကြွ။

“ အို့ .. ရေဒီယိုကမာရွတ်ရေး~~ ကြိုးစားလိုက်စမ်းကွယ် ~~”

" ချစ်သည်းသက်ညှာ ! ဘေးအိမ်ကဟိုကောင့်ကိုဆိုနေတာလား! "

နောက်ဆုံးအကြောင်းလေးအား သီချင်းတွင်ဈာန်ဝင်ကာလိုက်ကာဆိုမိတော့ ထွက်လာသည့်ဆူအောင့်အောင့်မောင့်အသံကအလိုမကျခြင်းများစွာဖြင့်။

မနက်စာပေါ်တွင် စိတ်နှစ်ကာပြင်ဆင်နေတာမို့မောင်ရောက်နေမှန်းတောင်သတိမထားမိလိုက်တဲ့အဖြစ်ကလေးရယ်ပါ။ အနောက်ပါးဆီသို့ချာကနဲလှည့်ကြည့်တော့ ဆူပုတ်ပုတ်ကလေးမောင်ဟာမျက်ခုံးတန်းကြီးတွေကိုလည်းကြည့်လို့ကောင်းစွာတွန့်ချိုးထားပါသေးရဲ့..

ရှောင်းကျန့်၏မျက်နှာပြင်တွင်အလိုမကျမှုများစွာဖြင့်ပူနွေးနေသည့်တိုင် သူ၏နှလုံးသားကတော့နူးညံ့မှုများဖြင့်ရီဝေနေသည်။

မောင်ပြောသည့် ဆိုလိုရင်းမှာလွန်ခဲ့သည့်တစ်ပတ်ခန့်က အန်တီနွဲ့ကြောင့်ဖြစ်သည်။ အန်တီနွဲ့ဆိုတာ ရိပေါ်တို့ဘေးအိမ်ကပ်ရပ်မှာနေသည့်အိမ်နီးနားချင်းဒေါ်လေးဖြစ်၏။ ဒေါ်လေးတို့ကလင်မယားနှစ်ယောက်ထဲနေတာဖြစ်ပေမဲ့ ၁၀ တန်းမရွယ်သားလေးတစ်ယောက်တော့ရှိသည် ။ ထိုကောင်လေးကိုမြို့မှာကျောင်းတက်စေတာမို့ အိမ်တွင်တော့လင်မယားနှစ်ယောက်ထဲသာနေ၏။

You've reached the end of published parts.

⏰ Last updated: Feb 27, 2023 ⏰

Add this story to your Library to get notified about new parts!

ချစ်သောမောင့်ကိုချစ်သလား ..♡ [ Doctor's Beloved]Where stories live. Discover now