Ch_8_

2.7K 294 21
                                    

[Unicode]

"အ့ ! ဖြည်းဖြည်းသာသာလုပ်ပါကွနာတယ် "

"နာလည်းခံကွာ မင်းနှာဘူးထလို့ဖြစ်တာကြားထဲကငါတို့ပါအပြစ်ခံရသေး "

ဆေးခန်းဝန်းအတွင်းကုတင်ပေါ်တွင်ထိုင်နေသောရှောင်းကျန့်နဖူးရှိဘုအားကြပ်ထုပ်ထိုးပေးနေသောဆူပုပ်ပုပ်ကုဟိုင်မှာလဲသူ့နဖူးရှိအဖုအကြီးကြီးအားလည်းကိုင်ကာကိုင်ကာဖြင့်ရှုံ့မဲ့နေလေချေပြီ ။

"အဲ့အကြံစပေးတာမင်းလေ၊မင်းကြောင့်ဖြစ်တာငါ့နှယ့်အမေပြောတဲ့အမောပြေလေးတောင်မတွေ့ခဲ့ရဘူး ။ တွေ့များတွေ့ကြည့်ပြတင်းပေါက်ကနေကျော်တက်ပြီးအာဘွားတွေချည်းလှိမ့်ပေး အ့ အားးနာတယ်ကွ!"

"ဖြောင်း !!"

" အ့ "

နဖူးရှိဘုတောင်အားမနာဘဲသကြားသီးကလေးအားနှာဘူးထနေသောရှောင်းကျန့်နဖူးအားအမြင်ကပ်ကပ်ဖြင့်အားနဲ့ဖိပြစ်လိုက်တာကြောင့်ကုဟိုင်နရင်းသို့ရောက်လာသည့်လက်သံပြောင်တဲ့ရိုက်ချက် ။

" မင်းအမြဲနရင်းအုပ်နေလို့ငါလည်းကျက်ခဲ့သမျှဆေးစာတွေမေ့ကုန်ပြီ ငကျန့်ရ "

"မေ့လည်းဘာဖြစ်တုန်းမင်းဆရာဝန်ဖြစ်ပြီးသားဘဲကွ မင်းဘဲကြီးကလည်းမင်းကိုအဲ့လောက်ချစ်တာမလား "

ရှောင်းကျန့်ပြောလိုက်တော့ကုဟိုင်ကမျက်စောင်းထိုးလာလေချေသည် ။ ဆိုးလိုက်တဲ့ရုပ် တစ်ယောက်သောသူလိုမျက်စောင်းထိုးရင်ချစ်ဖို့ကောင်းတာမဟုတ်ဘဲအားအားယားယားထိုးနေသေးတယ်။

"အင်းးးး.. ငါသွားအုံးမယ်ငကျန့် ရွာထဲကဒေါ်တုတ်သွေးလွန်တုပ်ကွေးဖြစ်လို့သွားစစ်ပေးရအုံးမယ် "

"အေးအေး သွား "

ဆေးအိတ်အားဆွဲလို့ကုဟိုင်ထွက်သွားသည်နှင့်ရှောင်းကျန့်ကုတင်ပေါ်အားလှဲအိပ်ချပြစ်လိုက်သည် ။ ဒီနေ့လူနာပါးသည်လေ ဆရာဝန်တွေကောင်းကောင်းနားရတဲ့နေဖြစ်သဖြင့်ရှောင်းကျန့်အကြိုက်ပင် ။

"ဒေါက်တာရှိလားဗျ "

လူငယ်အသံမို့ရှောင်းကျန့်ဂျူတီကုတ်အားဝတ်လို့အပြင်ဘက်ထွက်လာလိုက်သည် ။ နဖူးတွင်ကွဲကာသွေးများထွက်နေလူရွယ်မှာ မနာဘူးလားမသိမျက်မှောက်များကြုတ်ထားသည်မှာတစ်ချက်တောင်မပြည် ။ဘေးကလူငယ်လေးသုံးယောက်မျှမှာထိုလူရွယ်အားကူတွဲပေးထားသည် ။

ချစ်သောမောင့်ကိုချစ်သလား ..♡ [ Doctor's Beloved]Where stories live. Discover now