Ch_4_

3.2K 388 12
                                    

[Unicode]

ညချမ်းအချိန်ခါ။ မိုးတွင်းမို့ မိုးများသည်းထန်စွာရွာသွန်းနေလျက် ။ သူကြီးအိမ်ရှိ အခန်းတစ်ခန်းတွင် ကုတင်ပေါ်၌ကွေးကွေးလေးအိပ်နေသော ကောင်ငယ်လေးမှာအနာရှိန်ကြောင့်ဖျားချေပြီ ။

"လုပ်ကြပါအုံးဖေကြီးရဲ့ သားသားလေးအဖျားတွေအရမ်းတက်နေပြီ"

ဝမ်သူကြီးကတော်မှာ အားဝမ်ကလေးနဖူးကွဲထားသဖြင့်အနာရှိန်ကြောင့်ဖျားမည်ကိုစိုးရိမ်လျက် တစ်ရေးနိုးတွင်သားငယ်လေးကိုသွားကြည့်ရာ သူမကြိုထင်သည့်အတိုင်း ကွေးကွေးလေးအိပ်နေသော သားငယ်လေးမှာ ကိုယ်တွေပူကျစ်တောက်နေလေ၏။

"ဒါဆိုဘယ်လိုလုပ်ကြမတုန်းမေကြီးရဲ့ ၊ ညဘက်တွေဆိုတော့ ဒေါက်တာလေးတွေလည်းအိပ်နေရောပေါ့ "

"မသိဘူး ဖေကြီးရယ် ၊ ကျုပ်တော့ရင်တွေပူနေပြီ ဒေါက်တာလေးတွေကိုအားနာနာနဲ့ဘဲနှိုးရတော့မှာပေါ့ "

ဝမ်သူကြီးကတော်ကစိုးရိမ်ပူပန်နေဟန် ညီးညီးညူညူပြောလေတော့ ။ ဝမ်သူကြီးမှာအခန်းထောင့်ရှိအညိုရောင်ခေါက်ထီးကလေးကိုယူလိုက်ပြီး

"မေကြီးက အားဝမ်လေးကိုစောင့်ကြည့်ထား ကျုပ်က ဆရာဝန်သွားပင့်ချေအုံးမယ် "

"သတိထားပြီးသွားအုံးနော်ဖေကြီး ၊ ညကမှောင်ပြီးမိုးကရွာနေသေးတော့လမ်းတွေချော်ပြီး လဲအုံးမယ်"

ဂရုတစိုက်နဲ့သတိပေးနေသောချစ်ဇနီးလေးကြောင့် ဝမ်သူကြီးပြုံးလိုက်ပြီး ခေါင်းအသာငြိမ့်ပြလိုက်ရသည် ။ ထီးအားဖွင့်လို့မိုးရွာကြီးထဲထွက်ပြီးဆရာဝန်သွားပင့်ရချေပြီ ။

"ဗျို့ !ဆရာဝန်လေးတို့ ။ လုပ်ကြပါအုံးဗျ ခဏလောက်ထကြပါအုံး "

မိုးသံလေးသံများကြား ကြားလိုက်ရသည့် အသံသဲ့သဲ့ကြောင့် အအိပ်ဆတ်တဲ့ရှောင်းကျန့်မှာလန့်နိုးလာရတယ် ။ မိုးခြိမ်းသံနဲ့မို့ကြားရသည့်အသံကမသဲကွဲလှ ဘယ်သူ့အသံများလဲလည်းမသိနိုင်ချေ။ လက်ရှည်အပါးစိမ်းနုရောင်ကလေးကိုအပေါ်မှထပ်ဝတ်လို့ အောက်ဆင်းပြီး အဆောင်တံခါးဖွင့်ကြည့်ရင်ဘဲ ထီးတစ်ချောင်းအားစောင်းလို့ ၊ နောက်တစ်ချောင်းအားလက်တစ်ဖတ်ဖြင့်ကိုင်ထားပြီး စိုးရိမ်ရိပ်များသန်းနေသော သူကြီးကိုတွေ့လိုက်ရသည် ။

ချစ်သောမောင့်ကိုချစ်သလား ..♡ [ Doctor's Beloved]Where stories live. Discover now