Ch_20_

2.5K 232 6
                                    

[ Unicode]

" မျက်နှာလေးပြပါအုံးဗျ "

" မင်းနော် ! "

" ဟ ဟ "

မနေ့ညကအပြာရောင်အဖြစ်အပျက်များကြောင့် သက်ညှာကလေးမှာရှောင်းကျန့်အား ရှောင်နေပြန်လေ၏။ မနေနိုင်သည့်အဆုံးဒီကောင်ကဘဲအမိဖမ်းရပြန်ပေသည်။ ယခုသူ သက်ညှာအားရွာထိပ်က peony ပင်ကြီးအောက်သို့ခေါ်လာတာဖြစ်၏။ peonyပန်းတွေကအလှိုင်လှိုင်ပွင့်လို့  ရှောင်းကျန့်ရဲ့တစ်ပွင့်ပန်းလေးကတော့ရှောင်းကျန့်ရင်ခွင်ထဲပုန်းခိုလို့ရယ်

ရှောင်းကျန့်ကြားဖူး၏ peonyပန်းတွေက
ပန်းများထဲမှာမှအလှပဆုံးနဲ့အစင်ကြယ်ဆုံးဟုဆိုချေ၏။ သို့သော်ငြား ထို လှရက်လွန်းပါချည်ရဲ့ဆိုသောpeony ပန်းတွေက “ ဝမ်ရိပေါ်  ” ဆိုသည့်
မောင့်ရဲ့တစ်ပွင့်ပန်းလေးလောက်လှရက်ပါ့မလားလေ ။

မောင်တော့ သက်ညှာလောက်လှရက်သူကိုမတွေ့နိုင်တော့ပေအထိ သက်ညှာမှသက်ညှာဖြစ်နေလေချေပြီအချစ်ရယ် ။

“ မောင် ”

" မောင်နားထောင်နေပါတယ်မောင့်သက်ညှာ "

ရင်ခွင်ထဲမှအသည်းအသက်ကလေးကဖွက်ထားသည့်မျက်နှာကလေးထုတ်လို့ ဩရှရှအသံလေးဖြင့်ခေါ်လာသည်မို့ ကိုင်ထားလျက်ရှိသည့် ချစ်သက်ညှာရဲ့လက်ဖမိုးဖြူဥဥကလေးကရွှတ်ကနည်းနမ်းလို့ရှောင်းကျန့်ထူးလိုက်သည် ။

" တကယ်လို့လေ ၊ မောင့်မေမေက ကျုပ်နဲ့မောင့်ကို.... "

" မင်းကိုဘဲရွေးမှာ သက်ညှာ မောင်ကမင်းမှမင်းဘဲအချစ်ရဲ့ .. "

ရိပေါ်စကားမဆုံးခင် ဖြတ်ပြောလာသည်မို့ရိပေါ်မှာအံ့ဩသွားရသည် ။ မောင်ကဘယ်လိုလုပ် ရိပေါ်ပြောမှာကိုကြိုသိနေရတာလဲ...

" မောင်ဘာလို့ကြိုသိနေသလဲစဉ်းစားနေတာလား ချစ်‌ဦးသက်လျာ "

ထပ်ပြောလာသည့်မောင့်စကားကြောင့်အံ့ဩရသည်နှင့်အတူ ကပ်ပါလာသည့်နာမ်စားကြောင့်အရှက်သည်းရပြန်ပေ၏။ ရိပေါ်မှာမောင့်၏အချစ်စကားများအားအခုထပ်ထိတိုင်နေသားမကျသေးပေ ။

" အိုဗျာ ! မောင်ကအကုန်ကိုသိနေတာဘဲ ကျုပ်စိတ်ကိုများဖတ်နေသလားရယ် "

ချစ်သောမောင့်ကိုချစ်သလား ..♡ [ Doctor's Beloved]Donde viven las historias. Descúbrelo ahora