အခန်း ၃

1.1K 111 3
                                    

Unicode

နန်းတော်သို့ပြန်ရောက်သည်နှင့် သူ၏ဖခင်နှင့်မိခင်ရှိရာနန်းဆောင်ကိုအပြေးသွားလျှက်

"ဖခမည်းတော် ကျွန်ုပ်ကယောကျာ်းတစ်ယောက် မဟုတ်ဘူးလား"

ထိုစကားကိုကြားသော် ဘုရင်နရစည်သူလည်းတုန်လှုပ်ပြီး

"သားတော်ကိုဘယ်သူပြောလိုက်တာလဲ"

"ရေကန်တစ်ခုဘေးမှာထုလုပ်ထားတဲ့ရုပ်ထုကိုမြင်ခဲ့ရတယ် အဲ့ရုပ်ထုဟာ အမျိုးသမီးတစ်ယောက်ပုံကိုထွင်းထုထားတာလို့ သီဟပြောလို့ပါ"

ဝနစည်သူ၏မိခင်ဖြစ်သူမှလည်း
"ဒီအခြေနေရောက်မှတော့ အမှန်တိုင်းပဲပြောပြလိုက်ကြတော့တာပေါ့ အရှင် သမီးတော်လည်းအရွယ်ရောက်လာပြီမဟုတ်လား"

"မိဖုရားကြီးပြောတာ မှန်ပါတယ် အမှန်တိုင်းပဲပြောပြလိုက်ကြတာပေါ့ သမီးတော်ကအမျိုးသမီးတစ်ယောက်ပါ"

ထိုစကားကိုကြားသောအခါ ဝနစည်သူလည်း
အံ့ဩလျှက်
"ဒါဆို ဘာလို့ကျွန်ုပ်ကိုယောကျာ်းလေးလို့ထင်စေခဲ့တာလဲ ခမည်းတော်တို့ကသမီးမိန်းကလေး
မလိုချင်လို့လား"

"ခမည်းတော်တို့က သမီးလေးမလိုချင်ခဲ့လို့မဟုတ်ပါဘူး အခြေနေအမျိုးမျိုးကြောင့်သာ သမီးတော်ကိုယောကျာ်းလေးအဖြစ်နေထိုင်စေခဲ့ရတာ တစ်နေ့နေ့မှာအမှန်ကိုသိသွားလိမ့်မယ်ဆိုတာကိုလည်းတွေးထားပြီးသားပါ"

ထိုစဉ်ပညာရှိအမတ်ကြီးရောက်ရှိလာပြီး
"ဘုရင်ကြီးတို့ပြောနေတာတွေကို အကျွန်ုပ်ကြားသိပြီးပါပြီ ဟောဒီကမင်းသမီးလေးလည်း ဘုရင်ကြီးအပေါ်မှာ စိတ်မကွက်ပါနဲ့ အကျွန်ုပ်ရှင်းပြပါမယ်"

"ပြောပါ ကျွန်ုပ်သေချာနားထောင်နေပါတယ်"

"တကယ်တော့ မင်းသမီးလေးကိုမွေးဖွားမယ့်အချိန်တုန်းက သားတော်လေးသာမမွေးဖွားခဲ့ရင်
အကျွန်ုပ်တို့တိုင်းပြည်ကိုသိမ်းပိုက်ဖို့ကြံရွယ်ထားသူတွေအများကြီးပါပဲ ရန်သူတိုင်းပြည်တွေသာမက မဟာမိတ်ထဲကလူတွေလည်းပါသည့်အပြင် ဘုရင်ကြီး၏ညီတော်နှစ်ပါးလည်းပါဝင်ပေသည်။တိုင်းသူပြည်သားတို့ကလည်း တိုင်းပြည်ကိုဦးဆောင်ပေးမယ့်မင်းသားတစ်ပါးရဖို့ဝိုင်းဆုတောင်းပြီးမျှော်လင့်နေကြချိန်လည်းဖြစ်တာမလို့ မင်းသမီးလေးမွေးလာချိန်မှာ ဘုရင်ကြီးကသမီးတော်အဖြစ်ပဲထားစေမှာကို အကျွန်ုပ်က ယောကျာ်းတစ်ဦးလိုနေထိုင်စေဖို့ ဖြောင်းဖျခဲ့ခြင်းဖြစ်ပါတယ်"

အရှင့်ဧကရီWhere stories live. Discover now