Unicode
"ဒိပ္ပကိုဖမ်းမယ့်ကိစ္စဘယ်လိုလုပ်မလဲ အဆွေတော်"
"အဲ့ကိစ္စကိုပဲ ကျွန်ုပ်လည်းတွေးနေတာ ဒိပ္ပဆိုတာ ကျွန်ုပ်တို့ရဲ့သူငယ်ချင်းဖြစ်ခဲ့ဖူးတယ်မလား"
"ဒါဆိုရင် ကျွန်ုပ်ဆီပဲလွှဲထားလိုက်ပါ သူ့ကိစ္စကိုကျွန်ုပ်ကြည့်စီစဉ်လိုက်မယ်"
"ဖြစ်ပါ့မလား အဆွေတော်သီဟ"
"ဖြစ်ပါတယ် ကျွန်ုပ်သူ့ကိုစောင့်ကြည့်ထားလိုက်မယ်"
"ကောင်းပါပြီ ဒါဆိုလည်းအသင့်ကိုပဲအားကိုးထားလိုက်တော့မယ်"
"တိုင်းပြည်ရေးကိစ္စတွေကိုအရမ်းတွေးပူမနေပါနဲ့ အဆွေတော်ကအရင်လိုလူလွတ်လည်းမဟုတ်တော့ဘူး ခယ်မတော်ကိုလည်းဂရုစိုက်လိုက်ပါအုံး ဒါနဲ့ကျွန်ုပ်ခယ်မတော်နဲ့ကောအဆင်ပြေရဲ့လား ဟိုတခါကပြောတုန်းကတော့ မင်းသားကသူ့ကိုရှောင်နေတယ်ဆိုပြီး အခုကောရှောင်နေတုန်းပဲလား"
"အယ် မရှောင်တော့ပါဘူး အခုအဆင်ပြေသွားပါပြီ"
"အဆင်ပြေရင်လည်းပြီးတာပါပဲ အသင်ကကျွန်ုပ်လိုတစ်ယောက်တည်းမှမနေဘဲ ကျွန်ုပ်ဆိုဘယ်လောက်လွတ်လပ်လည်းတွေ့လား"
"အသင်တကယ်ကြိုက်တဲ့လူရှိလာရင် အခုလိုပြောနိုင်အုံးမလား သိချင်ပါသေးတယ်"
ဝနစည်သူနဲ့သီဟတို့စကားပြောနေတုန်း"အရှင်နဲ့ကိုသီဟကဘာတွေပြောနေတာလဲ တိုင်းပြည်ရေးကိစ္စတွေဆွေးနွေးနေတာရောဟုတ်ရဲ့လား"
"အသင့်ခင်ပွန်းက ကျွန်ုပ်ကိုအားကျလို့တဲ့ တစ်ယောက်တည်းဆိုတော့လွတ်လပ်တယ်ဆိုပြီး"သီဟတစ်ယောက်ချွန်တွန်းလုပ်လေတော့သည်။
"ဟုတ်လား မင်းသား အဲ့လိုပဲပြောတာလား"မာယာဧကရီခါးထောက်ပြီးမေးသောအခါ
"မဟုတ် မဟုတ်ပါဘူး ကိုယ်အဲ့လိုမပြောပါဘူး"ဝနစည်သူခမျာအထစ်ထစ်အငေါ့ငေါ့ဖြင့်ဖြေနေရတော့သည်။
"ဟားဟား ဝနစည်သူတစ်ယောက်မိန်းမကြောက်တာ ကျွန်ုပ်သိသွားပြီ သွားပြီအဆွေတော်ရေ ကြည့်ရှင်းလိုက်ပါအုံး"
"နေအုံးလေ"ထွက်သွားသောသီဟကိုဝနစည်သူလှမ်းခေါ်ပါသော်လည်း ဟိုကလှည့်ဖြင့်မကြည့်ထွက်သွားလေပြီ။မာယာဧကရီဘက်သို့ပြန်လှည့်လာသောအခါ နဂါးမျက်စောင်းများဖြင့်တည့်တည့်တိုးလေတော့သည်။ထိုနေ့ကမာယာဧကရီတစ်ယောက်တော်တော်နှင့်စိတ်ကောက်မပြေခဲ့ပါ။ဝနစည်သူခမျာ အနောက်ကတကောက်ကောက်လိုက်ပြီး သူမပြောမိကြောင်းနှင့် မာယာဧကရီတစ်ယောက်တည်းကိုသာချစ်ကြောင်းပြောတော့မှသာစိတ်ကောက်ပြေတော့သည်။သီဟကိုတော့ဝနစည်သူစိတ်ထဲမှာ ပြောဆိုနေတော့ သည်။
YOU ARE READING
အရှင့်ဧကရီ
Historical Fictionတိုင်းပြည်အတွက်မွေးကတည်းကယောကျာ်းလေးအဖြစ်နေထိုင်ခဲ့ရပြီး ကိုယ်တိုင်တောင်အမျိုးသမီးတစ်ဦးအဖြစ်မသိခဲ့သူ ဝနစည်သူ (ခေါ်) ဝလ္လာဒေဝီ ယောကျာ်းတစ်ဦးလို့ထင်ပြီးသဘောကျခဲ့ရသူဟာ အမျိုးသမီးတစ်ဦးဖြစ်တယ်ဆိုတာကိုသိပြီးနောက်တောင် မေတ္တာမပျက်ပေးဆပ်ခဲ့သူ မာယာဧကရီ တိုင္...