Unicode
မနက်မိုးသောက်ရောက်သော် ဝနစည်သူလည်းမြင်းဇောင်းထဲမှ သူ၏မြင်းကိုစီးလျှက် နန်းတော်အပြင်သို့ထွက်ခွာသွားလေတော့သည်။ခရီးအတော်နှင်လာပြီးနောက် တောထဲသို့ရောက်လာပြီး တဖြည်းဖြည်းတောကလည်းနက်လာလေသည်။ဓားမြဗိုလ်ဒိပ္ပတို့စခန်းချရာနေရာကိုလည်းလိုက်လံရှာဖွေနေတော့သည်။ရှာဖွေရင်းဖြင့် တောအတွင်းပိုင်းသို့ရောက်လာလေ တောမှာလည်းအပင်ကြီးများဖြင့်အုံ့မှိုင်း၍မှောင်လာလေဖြစ်သည်။တစ်နေရာအရောက်တွင် အသံများကြားရသဖြင့်ဝနစည်သူလည်း ခြုံတစ်ခုတွင်ကွယ်၍နားစွင့်နေလေတော့သည်။ထိုသူများမှာ ဓားမြဗိုလ်ဒိပ္ပ၏တပည့်များဖြစ်ကြပြီး ဓားမြတိုက်ရာမှပြန်လာခြင်းဖြစ်လေသည်။ထိုသူများနောက်သို့တိတ်တဆိတ်လိုက်ပါသွားပြီးသည့် နောက်တွင်တော့ သူရှာနေခဲ့သောစခန်းသို့ရောက်ရှိလာတော့သည်။
"အသင်ရောက်လာပြီလား ကျွန်ုပ်ကစောင့်နေတာကြာလှပြီ"
"ဒိပ္ပ ဒါဆိုဓားမြဗိုလ်ဒိပ္ပဆိုတာက"
"ဟုတ်တယ် ကျွန်ုပ်ပဲ အံ့ဩသွားလား"
"အသင်ကဘယ်လိုကနေဘယ်လိုဓားမြဗိုလ်ဖြစ်သွားရတာလဲ"
"အသင်တို့ဆီကနေပြန်တော့ နန်းတော်အရောက်မှာပဲ ဦးရီးတော်တို့ကနန်းလုပြီးသွားပြီ ခမည်းတော်ကိုလည်းသတ်ပစ်လိုက်ကြတယ် မှူးမတ်တစ်ယောက်အကူညီနဲ့ကျွန်ုပ်လွတ်လာတာပဲ ခမည်းတော်ကအရမ်းယုံကြည်ခဲ့တာကိုဒင်းမလို့သစ္စာဖောက်ရက်တယ် အဲ့အချိန်ကစပြီး ကျွန်ုပ်မှာတိုင်းပြည်မရှိတော့တာပဲ ဓားမြဗိုလ်ဆိုတဲ့ရာထူးပဲရှိတော့တယ်"
"ကျွန်ုပ်ဆီဘာလို့မလာခဲ့တာလဲ"
"ဦးရီးတော်တို့ကအခုထိလိုက်ရှာနေကြတုန်းပဲ အသင့်ကိုလည်းဒုက္ခမပေးချင်ဘူး ပြီးတော့သစ္စာဖောက်တွေကို ကျွန်ုပ်ကိုယ်တိုင်လက်စားချေပစ်မယ် မကောင်းတဲ့လူတွေကိုကျွန်ုပ်ကိုယ်တိုင်စီရင်မယ် ဒါ့ကြောင့်မလို့ ဓားမြဗိုလ်ဒိပ္ပဆိုပြီးနေနေတာ"
"အသင်ကကျွန်ုပ်သူငယ်ချင်းဖြစ်ခဲ့တာမလို့ ရန်သူမဖြစ်ချင်ဘူး အခုအလုပ်ကိုစွန့်လွှတ်လိုက်ပါ ကျွန်ုပ်ကူညီမယ်"
ESTÁS LEYENDO
အရှင့်ဧကရီ
Ficción históricaတိုင်းပြည်အတွက်မွေးကတည်းကယောကျာ်းလေးအဖြစ်နေထိုင်ခဲ့ရပြီး ကိုယ်တိုင်တောင်အမျိုးသမီးတစ်ဦးအဖြစ်မသိခဲ့သူ ဝနစည်သူ (ခေါ်) ဝလ္လာဒေဝီ ယောကျာ်းတစ်ဦးလို့ထင်ပြီးသဘောကျခဲ့ရသူဟာ အမျိုးသမီးတစ်ဦးဖြစ်တယ်ဆိုတာကိုသိပြီးနောက်တောင် မေတ္တာမပျက်ပေးဆပ်ခဲ့သူ မာယာဧကရီ တိုင္...