အခန်း ၁၅

591 57 2
                                    

Unicode

အရှေ့ကနေမြန်မြန်လျှောက်သွားသော မာယာဧကရီနောက်ကို ဝနစည်သူတစ်ယောက်အထုပ်ပိုးများသယ်ပြီးလိုက်ရလေပြီ။မာယာဧကရီကတော့အနောက်လှည့်မကြည့်ဘဲ သူ့နန်းဆောင်သာတည့်တည့်မတ်မတ်သွားတော့သည်။

"ဧကရီ ခနစောင့်အုံးလေ"ဝနစည်သူဘယ်လောက်ခေါ်ခေါ် တချက်လေးတောင်ယောင်လို့မျှလှည့်မကြည်ချေ သွားမြဲသာသွားနေလေသည်။နန်းဆောင်ရောက်သောအခါ မာယာဧကရီကတော့ကုတင်ပေါ်တွင်အသာလှဲနေပေမယ့် အထုပ်ပိုးများသယ်ပြီးသူမနောက်အမှီလိုက်ခဲ့ရသော ဝနစည်သူမှာတော့မလှဲနိုင်သေး ခုံပေါ်တွင်သာထိုင်နားနေလေသည်။

"ဘာလို့ကိုယ်ခေါ်နေတာကို လှည့်မကြည့်ရတာလဲ"သူမလှဲနေသောကုတင်နားသို့လျှောက်သွားပြီးမေးလေတော့

"ပြန်တော့မှာမဟုတ်ဘူးလား ပြန်တော့လေ"

"ဘယ်လိုဖြစ်လို့ကိုယ့်ကိုအတင်းနှင်နေတာလဲ ဧကရီ ခုနကကိုယ်ပြောတာမကြားဘူးလား ဒီမှာနေအုံးမယ်ဆိုတာလေ"

"ကြားသားပဲ ပြောတုန်းကမအားဘူးဆို လာတဲ့တစ်လျှောက်လုံးလည်း တချက်လေးမှတောင်လူကိုမကြည့်သလို စကားတစ်ခွန်းတောင်မပြောဘူးလေ အခုမှဘာစိတ်ကူးတွေပေါက်‌ရတာလဲ"

"အခုမှစိတ်ကူးပေါက်တာမဟုတ်ပါဘူး ဧကရီရဲ့ကိုယ်ကညတည်းကပြင်ဆင်ထားတာပါ တစ်ညလုံးကိုယ်လုပ်ရမယ့်တာဝန်တွေကိုအပြီးသတ်ထားခဲ့ပြီး ခမည်းတော်တို့ကိုလည်းလျှောက်တင်ထားခဲ့ပြီးပြီ ဧကရီကိုအံ့ဩသွားအောင်ကိုယ်ကလုပ်မလို့လေ အခုကျတော့ကိုယ့်ဧကရီလေးက စိတ်ကောက်သွားတာလား ဘာလဲကိုယ်မကြည့်မိလို့လား ဟုတ်လား"မာယာဧကရီမျက်နှာကိုကိုင်အုပ်ပြီးမေးနေတော့သည်။

"ဖယ်ပါအဲ့လက်ကြီး ဘာမှစိတ်မကောက်ဘူး ဒီကတော့တစ်လမ်းလုံးစကားမပြော မကြည့်‌တော့ ခွဲရမှာမလို့စိတ်မကောင်းဖြစ်နေတာလားလို့တွေးပြီးသနားနေတာကို သူကတော့အကြံနဲ့ကို"

"ခွဲရမှာမလို့ကိုယ်တကယ်စိတ်မကောင်းဖြစ်နေတာလေဧကရီရဲ့ ဧကရီနဲ့မခွဲချင်လို့ကိုယ်တစ်ညလုံးမအိပ်ဘဲနဲ့လုပ်စရာရှိတာတွေကိုလုပ်နေတာ ဧကရီကတော့ဘယ်သိပါ့မလဲ အိပ်နေတာမှလှုပ်တောင်မလှုပ်ဘူး ကိုယ်ကသာတစ်ညလုံးမအိပ်ရသေးတာ"နှုတ်ခမ်းစူပြီးပြောနေသောဝနစည်သူကိုကြည့်ပြီး မာယာဧကရီမှာရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။ထို့နောက်သူမလည်းထထိုင်လိုက်ပြီး

အရှင့်ဧကရီDonde viven las historias. Descúbrelo ahora