အခန်း ၁၀

836 73 3
                                    

Unicode

"အဟမ်း"

ဝနစည်သူစာဖတ်နေခိုက် အသံကြားသောကြောင့် လှည့်ကြည့်လိုက်တော့ မာယာဧကရီဖြစ်နေ သည်။ ဝနစည်သူလည်းဂရုမစိုက်စွာ စာဆက်ဖတ်နေလိုက်သည်။

"အဟမ်းလို့"

ဝနစည်သူကြားသည့်တိုင်အောင် ဘာမှမပြောလာသောကြောင့်

"အဟမ်း အဟမ်း"

"ပြောစရာရှိတာပြောပါ မင်းသမီး ကျွန်ုပ်နားထောင်နေတယ်"

"နန်းတော်အပြင်လေးလိုက်ပို့ပေးပါလား ဒီမှာချည်းနေရတာပျင်းလာလို့"

"ကျွန်ုပ်မအားသေးဘူး"

"ဒီစာပဲထိုင်ဖတ်နေတာကို ဘာမအားသေးတာလဲ ရှင်လိုက်မပို့ဘူးဆိုရင်လည်း သီဟကိုပဲလိုက်ပို့ခိုင်းလိုက်တော့မယ်"ထိုအသံကြားသောအခါ ဝနစည်သူတစ်ယောက်မာယာဧကရီကိုကြည့်လာတော့သည်။

"ဘာဖြစ်လို့အတင်းနန်းတော်အပြင်ပဲထွက်ချင်နေရတာလဲ"

"ဒီမှာနေရတာပျင်းလာလို့လေ ရှင်ကတော့ အပြင်ထွက်နေရတော့ ဘယ်ပျင်းလိမ့်မလဲ ကျွန်မကတော့ဒီမှာနေနေရတာဆိုတော့ ပျင်းတယ်လေ ရှင်လိုက်မပို့ချင်လည်းရပါတယ် အတင်းမတောင်းဆိုတော့ပါဘူး"

"လိုက်မပို့ချင်တာမဟုတ်ပါဘူး သွားပြင်ဆင်တော့လေ"

"တကယ်လား မအားရင်လည်းရပါတယ် သီဟနဲ့ပဲ"

"လိုက်ပို့ပေးမယ် သွားပြင်ဆင်ချေ"ဝနစည်သူစကားဆုံးသည်နှင့် မာယာဧကရီလည်းအလျင်မြန်သွားပြင်ဆင်တော့သည်။ခနကြာပြီးနောက်

"ပြီးပါပြီ"

မာယာဧကရီကိုတချက်ကြည့်ပြီး ဝနစည်သူလည်းအရှေ့ကနေထွက်သွားတော့သည်။ထို့နောက် သူ၏မြင်းကိုထုတ်ယူပြီး

"တက်လေ ဘာရပ်ကြည့်နေတာလဲ"

"ကျွန်မကဒီမြင်းပေါ်တက်ရမှာလား"

"ဟုတ်တယ်လေ လမ်းလျှောက်သွားမလို့လား"

"အရင်တခါလိုပဲ လမ်းလျှောက်သွားကြမယ်လေ"

"မြင်းပေါ်တက်ပါ ကျွန်ုပ်ရှိတယ်"ဆိုပြီးဆွဲတင်တော့သည်။မာယာဧကရီလည်း ကျွန်ုပ်ရှိတယ်ဆိုသောစကားသံကြားမှာတင် သတိပြန်ဝင်လာတော့မြင်းပေါ်ရောက်နေလေပြီ။

အရှင့်ဧကရီWhere stories live. Discover now