အခန်း ၁၆

617 54 0
                                    

Unicode

ကုန်းဘောင်တိုင်းပြည်တွင်တစ်ပတ်လောက်နေပြီးနောက် ဝနစည်သူတို့နှစ်ယောက်လည်း အင်းဝတိုင်းပြည်သို့ပြန်ဖို့ပြင်ဆင်ကြတော့သည်။မာယာဧကရီ့ ခမည်းတော်နှင့်မယ်တော်တို့ကိုနှုတ်ဆက်ဂါရဝပြုပြီးနောက် အင်းဝတိုင်းပြည်သို့ပြန်လာကြတော့သည်။ပြန်လာသောလမ်းခရီးတွင်တော့ အသွားတုန်းကလို တိတ်ဆိတ်စွာသွားခြင်းမျိုးမဟုတ်တော့ဘဲ ဝနစည်သူလည်းမာယာဧကရီလှည်းယာဉ်နားသွားပြီးစကားပြောလိုက် လှည်းယာဉ်အရှေ့ကနေပြီး မာယာဧကရီ့ကိုလှည့်ကြည့်ပြီးငေးလိုက်ဖြင့် တရွေ့ရွေ့ခရီးနှင်လာကြသည်။နှစ်ဦးတည်းအပျော်ခရီးထွက်နေသလိုပင် လမ်းမှာတွေ့သောပန်းများကိုခူးပြီးမာယာဧကရီကိုပန်ပေးလိုက်ဖြင့် အပြန်ခရီးကို‌ပျော်ရွှင်စွာဖြင့်ခရီးနှင်လာကြသည်။အင်းဝတိုင်းပြည်သို့ပြန်ရောက်သောအခါ ဝနစည်သူ၏ခမည်းတော်နှင့်မယ်တော်ကိုဝင်ရောက်အကြောင်းကြားပြီး သူတို့နန်းဆောင်သို့သွားပြီးအနားယူကြတော့သည်။

"ကဲဘယ်လိုလဲ အခုတော့ဧကရီ့ခမည်းတော် မယ်တော်ကိုတွေ့ပြီးပြန်လာရတာဆိုတော့ လွမ်းသေးလား"

"အခုတော့မလွမ်းသေးဘူး ဟီးး"

"ဟုတ်ပါပြီ လွမ်းတဲ့အခါကိုယ့်ကိုပွင့်ပွင့်လင်းလင်းလာပြောနော် ဧကရီ့ကိုမျက်နှာတစ်ချက်လေးတောင်မညိုးစေချင်ဘူး သိလား"

"သိပါတယ် သိပါတယ်ချစ်တတ်လွန်းသူကြီးရယ်
မကြွားပါနဲ့"

"ဒါကကြွားတာမှမဟုတ်တာ ကိုယ့်ဧကရီကိုချစ်ကြောင်းပြောနေတာကို ဧကရီ့တိုင်းပြည်ကိုလည်းလိုက်ပို့ပေးပြီးပြီဆိုတော့ အခုကိုယ်လိုချင်တာပေးတော့"

"အရှင်ကဘာလိုချင်တာလဲ"

"အာဘွားလိုချင်တာ"

"ဒါကဘာလဲ အရှင့်တိုင်းပြည်ပြန်ရောက်ပြီဆိုပြီးပြန်အနိုင်ကျင့်တာမျိုးလား"

"ကိုယ်ဘယ်မှာအနိုင်ကျင့်မိလို့လဲ အာဘွားလေးတောင်းတာကို ဧကရီကမပေးချင်ဘူးဆိုတဲ့သဘောများလား"

"အဲ့မျက်နှာကြီးကဘာဖြစ်ရပြန်တာ ဘာလဲစိတ်ကောက်တော့မလို့လား အခုတစ်လောလေအရှင်ကအရင်ကနဲ့မတူတော့ဘူး"

အရှင့်ဧကရီWhere stories live. Discover now