အခန်း ၂၀

949 68 6
                                    

Unicode

တစ်လခန့်ကြာသောအခါ

ဝလ္လာဒေဝီတို့လည်းတဲထဲတွင်နေနေရင်း အရှေ့မှအသံကြားလို့ထွက်ကြည့်လိုက်သည့်အခါတွင်တော့

"ဘယ်သူများလဲလို့ သီဟ ဒီကိုဘယ်လိုရောက်လာတာလဲ"

"အသင့်ဆီလာတာပဲ"

"ကျွန်ုပ်နေတဲ့နေရာကို ဘယ်လိုလုပ်သိတာလဲ"

"အသင်နေတဲ့ နေရာကိုသိတာကြာနေပါပြီ အသင်များ ကျွန်ုပ်ကိုဆက်သွယ်လာမလားလို့စောင့်ကြည့်နေတာ အသင်ကအရာအားလုံးကိုမေ့ပြီး တောထဲမှာပဲနေတော့မလို့လား"

"ကျွန်ုပ်ကမိန်းမတစ်ယောက်ဆိုတာကို သင်သိပြီးပြီမလား"

"အသင်ကမိန်းမမှန်း စစသိချင်းတုန်းကကျွန်ုပ်လည်းအံ့ဩမဆုံးခဲ့ဘူး အသင်နဲ့ကျွန်ုပ်ဒီလောက်အခင်ဆုံးသူငယ်ချင်းဖြစ်နေတာကိုတောင် ဖွင့်မပြောပြခဲ့တာကိုတော့ဝမ်းနည်းမိတယ် ဒါပေမယ့်လည်း အသင်ကဘာပဲဖြစ်နေပါစေ ကျွန်ုပ်ရဲ့သူငယ်ချင်းပဲ ပြီးတော့အခုချိန်ကသင်စိတ်ဓာတ်ကျအားငယ်နေရမယ့်အချိန်မဟုတ်တော့ဘူး"

"ကျွန်ုပ်ကဘာများတတ်နိုင်တော့မှာလဲ ပြည်သူတွေရဲ့ယုံကြည်အားကိုးမှုလည်းမရှိတော့တဲ့လူတစ်ယောက်ဖြစ်သွားပြီ အစပိုင်းကတော့ နေသားမကျပေမယ့် အခုတော့ ဒီတောထဲမှာနေရတာအဆင်ပြေပါတယ် ဧကရီ့ကိုလည်းပိုပြီးအချိန်ပေးနိုင်တယ် ကျွန်ုပ်တို့နေပျော်နေပါပြီ"

"သင်ကနေပျော်‌နေပေမယ့် နေမပျော်တဲ့လူတွေကတော့ ထီးနန်းကိုသိမ်းပိုက်ပြီး အသင့်ရဲ့ခမည်းတော်တို့ကိုသတ်လိုက်ပြီ"

"သင်ဘာပြောလိုက်တယ် ဒါမျိုး ကျွန်ုပ်ကိုမနောက်နဲ့သီဟ အသင် စနောက်တတ်တာသိပေမယ့် ဒါမျိုးစနောက်တာကိုတော့ ကျွန်ုပ်လက်မခံနိုင်ဘူး"

"ကျွန်ုပ်ပုံကစနောက်နေတာနဲ့တူနေလား အဆွေတော် တကယ်အတည်ပြောနေတာ မနေ့ကပဲအသင့်ရဲ့ခဖည်းတော်တို့ကိုသတ်ပြီး ဒေဝတို့ကထီးနန်းကိုလုလိုက်ကြပြီ အသင်သိရဲ့လား အသင်ဒီတိုင်းပဲနေနေတော့မှာလား"

"ထီးနန်းက ကျွန်ုပ်မရှိတော့တည်းက သူတို့အတွက်ပဲဖြစ်သွားကြပြီ ဘာကြောင့်ခမည်းတော်တို့ကိုသတ်ရတာလဲ"

အရှင့်ဧကရီUnde poveștirile trăiesc. Descoperă acum