အခန်း ၈

809 80 0
                                    

Unicode

နန်းရင်ပြင်တွင်လူအများစုရုံးရောက်ရှိနေကြသည်။အကြောင်းမှာ ကုန်းဘောင်တိုင်းပြည်ဘုရင်နှင့်သမီးတော်ကိုကြိုဆိုရန်စောင့်ဆိုင်းနေကြခြင်းဖြစ်လေသည်။ထိုအများစုထဲတွင် ဝနစည်သူလည်းပါဝင်ပေသည်။သူသည်မာယာဧကရီကိုမေးစရာများရှိနေသည့်အတွက် ရောက်လာချိန်ကိုစောင့်ဆိုင်းနေရသည်မှာစိတ်မရှည်ချင်တော့ပေ။ထို့ကြောင့်

"ခမည်းတော် သူတို့ရောက်လာဖို့ကကြာအုံးမှာလား"

"မကြာတော့ပါဘူး ခနနေရောက်လာတော့မှာပါ"

ဝနစည်သူလည်းခနနေရောက်လာတော့မည်ဆိုသောကြောင့်စောင့်ဆိုင်းနေပါသော်လည်း အတော်ကြာသည့်တိုင်အောင်ရောက်မလာသေးသောကြောင့် အလျင်မြန်ပင်မြင်းစောင်းသို့သွား၍သူ၏မြင်းကိုထုတ်ရန်ပြင်နေစဉ်မှာပင်

"ကုန်းဘောင်းဘုရင်ကြီးဗညားဓလနှင့်မင်းသမီးလေးမာယာဧကရီတို့ရောက်ရှိလာပါပြီ"ဟူသောအသံကိုကြားသည့်အခါ ဝနစည်သူလည်းနန်းရင်ပြင်သို့ပြန်လည်ရောက်ရှိလာတော့သည်။

"ရောက်လာပါပြီလား မိတ်ဆွေကြီး ဟောဒီမှာ သားတော်က မရောက်လာသေးလို့ဆိုပြီးတမျှော်မျှော်ဖြစ်နေတာ"ဟုဘုရင်နရစည်သူပြောသည့်အခါ ဘုရင်ဗညားဓလကဝနစည်သူကိုကြည့်ပြီးရီပါသော်လည်း မာယာဧကရီမှာမကြည့်ပေခေါင်းငိုက်စိုက်ထားသောမာယာဧကရီကိုကြည့်ပြီးဝနစည်သူလည်းမည်သည်ကိုအလိုမကျဖြစ်မှန်းမသိဖြစ်နေတော့သည်။ထို့နောက် ဘုရင်နရစည်သူဦးဆောင်လျှက် နန်းဆောင်သို့သွားတော့သည်။

"မိတ်ဆွေကြီးတို့လည်း အဝေးကလာရတာဆိုတော့ ခရီးပန်းလာကြရောပေါ့ နားတော့မလား"

"ခရီးပန်းတယ်ရယ်လည်းမဟုတ်ပါဘူး သမီးတော်လေးက အစောကြီးတည်းကဒီလာဖို့ပြင်နေတာကိုကြည့်ပြီးခေါင်းမူးတာလေးပဲရှိတာပါ"ဘုရင်ဗညားဓလလည်းသူ့သမီးတော် အင်းဝတိုင်းပြည်ကိုလာဖို့စိတ်လောနေပုံအရွှန်းဖောက်ပြီးပြောပြလေတော့သည်။ဘုရင်နှစ်ပါးမှာ အပြန်လှန်စကားများပြောဆိုပြီးရီမောနေကြပါသော်လည်း မရီမောနိုင်သောသူများမှာ ဝနစည်သူနှင့်မာယာဧကရီပင်ဖြစ်လေသည်။ဝနစည်သူမှာမာယာဧကရီကိုစိုက်ကြည့်နေပါသော်လည်း မာယာဧကရီမှာ ဝနစည်သူကိုယောင်လို့မျှပင်မကြည့်ပါ။ထို့ကြောင့် ဝနစည်သူလည်း

အရှင့်ဧကရီOpowieści tętniące życiem. Odkryj je teraz