အခန်း ၁၉

660 62 6
                                    

Unicode

မနက်ရောက်သော် ဝလ္လာဒေဝီလည်းနိုးလာခဲ့သည်။မာယာဧကရီကတော့မနိုးသေးချေ။သူ၏ရင်ခွင်ထဲတွင်အပြစ်ကင်းစင်စွာအိပ်ပျော်နေသော မာယာဧကရီကိုကြည့်ပြီး ဝလ္လာဒေဝီတစ်ယောက်အချစ်ပိုရသလို အားလည်းနာရပေသည်။သူနှင့်သာမဆုံတွေ့ခဲ့လျှင် သူ့နောက်သာမလိုက်လာခဲ့လျှင် ယခုဆိုစိတ်အေးသက်သာစွာနဲ့နန်းဆောင်ထဲမှာအိပ်နေရမှာဖြစ်ပေသည်။ယခုတွင်တော့ အမိုးကာမရှိဘဲအခင်းလေးတစ်ခုသာခင်းထားသော တောထဲတွင်အိပ်နေရရှာလေသည်။သူ့နောက်ကိုယုံကြည်စွာနဲ့လိုက်လာခဲ့သော မာယာဧကရီကိုကြည့်ပြီး အတွေးပေါင်းစုံဖြင့်
ဝလ္လာဒေဝီအလုပ်နေသောကြောင့် မာယာဧကရီနိုးလာသည်ကိုမသိပေ။

"ဘာတွေများ အဲ့လောက်တောင်စိုက်ကြည့်နေရတာလဲ အရှင်"

"ဪ ဧကရီနိုးလာပြီလား"

"ကျွန်မကိုကြည့်နေပြီး ကျွန်မနိုးလာတာတောင်မသိဘူးဆိုတော့ ဘာတွေများတွေးနေတာလဲအရှင်"

"ဘာမှမတွေးပါဘူး ဧကရီရဲ့ အိပ်ရေးဝရဲ့လား ကိုယ်လက်တွေကောနာနေလား"

"အိပ်ရေးလည်းဝတယ် ကိုယ်လက်တွေလည်းမနာပါဘူး အရှင့်ရင်ခွင်ထဲမှာအိပ်ရလို့ထင်တယ်"

ရီပြီးပြောနေသော မာယာဧကရီကိုကြည့်ပြီး သက်ပြင်းဖြေးဖြေးချလျှက်

"ဘာတွေများသက်ပြင်းချနေရတာလဲ အရှင် ကျွန်မကိုများအဝေးပို့ဖို့ထပ်တွေးနေပြန်တာလား"

"မဟုတ်ပါဘူး ဧကရီရဲ့ ကဲနိုးလာပြီဆိုတော့ ဗိုက်ဆာနေပြီလား"

"သိပ်တော့မဆာပါဘူးအရှင်"

"ဒါဆို ကိုယ်တို့ရှေ့ဆက်ခရီးသွားဖို့လုပ်ရအောင်နော် လမ်းမှာသစ်သီးရှာပြီးစားကြတာပေါ့ ရှေ့ဆက်သွားရင်တော့ နေစရာနေရာလေးတော့တွေ့လောက်မယ်ထင်ပါတယ်"

"သွားကြတာပေါ့ အရှင်"

ဝလ္လာဒေဝီလည်းအရင်ထပြီး မာယာဧကရီကိုလက်ကမ်းပေးလေသည်။ကမ်းပေးလာသောလက်ကို မာယာဧကရီလည်းဆွဲလျှက်ထပြီးနောက်တွင်တော့ အခင်းကိုသိမ်းလျှက် ပစ္စည်းအချို့ကိုသိမ်းဆည်းပြီးခရီးဆက်ကြလေသည်။
တွဲလက်ကိုမဖြုတ်ဘဲ တောထဲခရီးအတော်နှင်လာပြီးနောက်တွင် ခပ်လှမ်းလှမ်း၌တဲလေးတစ်လုံးကိုတွေ့လေသည်။ဝလ္လာဒေဝီလည်းဝမ်းသာစွာဖြင့်

အရှင့်ဧကရီDonde viven las historias. Descúbrelo ahora