Unicode
တဲအရှေ့ ခြံဝန်းထဲတွင် အားမာန်အပြည့်ဖြင့် ဓားရေးလေ့ကျင့်နေသော ဝလ္လာဒေဝီကိုတွေ့လိုက်ရလေသည်။ထိုအခါမှသာ မာယာဧကရီလည်းသက်ပြင်းချနိုင်လေတော့သည်။
ထိုစဉ်မာယာဧကရီဘေးနားသို့ သီဟရောက်လာပြီး
"ဘယ်လိုလဲ ခယ်မတော် ကျွန်ုပ်ပြောတာမမှန်ပေဘူးလား ကျွန်ုပ်ရဲ့အဆွေတော်က စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတစ်ယောက်ပါလို့"
"ဟုတ်ပါတယ် အရှင်ကစိတ်ဓာတ်ကြံ့ခိုင်တဲ့သူတစ်ယောက်ပါ ကျွန်မစိုးရိမ်မိတာက စိတ်ဓာတ်ကြံ့ခိုင်လွန်းသွားမှာကိုပါ"
"ခယ်မတော် ပြောချင်တာက"
"အရှင်ကစိတ်ဓာတ်ကြံ့ခိုင်လွန်းတယ် သူတစ်ခုခုဖြစ်နေရင်တောင် ကျွန်မတို့စိုးရိမ်မှာစိုးလို့ ဘာကိုမှမပြောဘဲ မြိုသိပ်ထားတတ်တယ် ပြီးတော့ သူ့တိုင်းသူပြည်သားတွေကိုလည်းအလွန်ချစ်ခင်တယ် ခမည်းတော် မယ်တော်တို့ကိုလည်း အလွန်ချစ်ခင်တဲ့လူမျိုး အခုလို ခမည်းတော် မယ်တော်တို့ ကွယ်လွန်တဲ့သတင်းကိုကြားတော့ ရက်အနည်းငယ်လောက် သူပြိုလဲနေမယ်ထင်ခဲ့တာ
အခုလိုချက်ချင်းကြီး သူအဆင်ပြေနေမယ်မထင်ခဲ့ဘူး""အခုလိုအဆွေတော် အဆင်ပြေသွားတာ မကောင်းပေဘူးလား ခယ်မတော်ရဲ့"
"ကောင်းပါတယ် အရှင်အဆင်ပြေနေရင်ကောင်းပါတယ် အဆင်ပြေချင်ယောင်ဆောင်နေခဲ့မှာကိုပဲစိုးရိမ်မိတာ"ဟု မာယာဧကရီလည်းပြောရင်း ဝလ္လာဒေဝီကိုသာကြည့်နေတော့သည်။သီဟလည်းဘေးနားတွင် တိတ်ဆိတ်ငြိမ်သက်စွာဖြင့်သာ သူ့အဆွေတော်ဓားရေးလေ့ကျင့်နေတာကို ကြည့်နေလေသည်။
အချိန်ခနကြာပြီးသည့်နောက်တွင်တော့
" အရှင်တို့သူငယ်ချင်းနှစ်ယောက်စားဖို့ ကျွန်မတစ်ခုခုသွားပြင်လိုက်အုံးမယ်နော် အရှင့်ကိုစောင့်ကြည့်ပေးထားပါအုံး"
"စိတ်ချပါ ကျွန်ုပ်အဆွေတော်အနားမှာပဲ ရှိနေပါမယ်"
မာယာဧကရီလည်း အစားသောက်ချက်ပြုတ်ဖို့အတွက် တဲထဲကိုဝင်သွားလေတော့သည်။

YOU ARE READING
အရှင့်ဧကရီ
Historical Fictionတိုင်းပြည်အတွက်မွေးကတည်းကယောကျာ်းလေးအဖြစ်နေထိုင်ခဲ့ရပြီး ကိုယ်တိုင်တောင်အမျိုးသမီးတစ်ဦးအဖြစ်မသိခဲ့သူ ဝနစည်သူ (ခေါ်) ဝလ္လာဒေဝီ ယောကျာ်းတစ်ဦးလို့ထင်ပြီးသဘောကျခဲ့ရသူဟာ အမျိုးသမီးတစ်ဦးဖြစ်တယ်ဆိုတာကိုသိပြီးနောက်တောင် မေတ္တာမပျက်ပေးဆပ်ခဲ့သူ မာယာဧကရီ တိုင္...