အခန်း ၇

786 90 0
                                    

ညီလာခံကျင်းပရာခန်းမဆောင်ထဲတွင် အမတ်များ မဟာမိတ်မျိုးနွယ်စုများနှင့် နရစည်သူ၏ညီတော်နှစ်ယောက်လည်းထိုင်နေကြလေသည်။ထိုအချိန်တွင် မှူးမတ်တစ်ယောက်မှ
"ဘုရင်ကြီးကြွလာပါပြီ"ဟူသောအသံနှင့်အတူနဘုရင်ကြီးလည်း ခန်းမဆောင်ထဲဝင်လာပြီးလျှင် သူ၏ပလ္လင်ပေါ်တွင်ထိုင်လေသည်။သူ၏နောက်တွင် ဝနစည်သူနှင့်ပညာရှိအမတ်ကြီးလည်းလိုက်ပါလာပြီး သက်ဆိုင်ရာထိုင်ခုံများထိုင်ကြလေသည်။ပြီးနောက် ဘုရင်ကြီးမှစတင်၍

"ကိုယ်တော်တို့ တိုင်းပြည်အခြေနေဘယ်လိုရှိလဲဆိုတာ တင်ပြကြပါအုံး အမတ်ကြီးတို့"

"အရာအားလုံးကောင်းပါတယ်ဘုရား အရှင့်ရဲ့အရိပ်အောက်မှာပြည်သူတွေလည်းပျော်ရွှင်နေကြကြောင်း‌ပါ"

"အိမ်း ကောင်းပါပေတယ် တခြားဘာတွေများတင်ပြစရာရှိကြသေးလဲ အကုန်တင်ပြကြပါ"ဟုဘုရင်ကြီးပြောသောအခါတွင် အမတ်အသီးသီးတို့သည်လည်းလိုအပ်ချက်များ လုပ်ဆောင်ချက်များကိုအသီးသီးတင်ပြကြလေသည်။တစ်ယောက်ပြီးတစ်ယောက်ပြီးတင်ပြပြီးချိန်တွင်တော့

"အမတ်ကြီးတို့အကြံပေးချက်တွေ တင်ပြချက်တွေကို ကိုယ်တော်ဂရုတစိုက်နဲ့ဆုံးဖြတ်ပြီးလုပ်ဆောင်ပေးပါမယ် နောက်ထပ်ဘာတွေများတင်ပြဖို့ရှိကြသေးလဲ"

"သားတော်လျှောက်တင်စရာရှိပါသေးတယ် ခမည်းတော်"

"ဘာများလဲ ပြောပါ သားတော်"

"ပြည်သူတွေကို အခွန်လျှော့ကောက်ဖို့အတွက်ပါ ခမည်းတော် အခုချိန်က မိုးလည်းသိပ်မရွာသွန်းတော့ သီးနှံတွေလည်းအထွက်နည်းပါတယ် အဲ့တာကြောင့်မလို့ ယခုကာလတွေမှာ ပြည်သူတွေအတွက် အခွန်လျှော့ကောက်ပေးစေချင်လို့ပါ အချို့ပြည်သူတွေဆိုလည်း သီးနှံတွေဆုံးရှုံးမှုရှိတဲ့အတွက် ထိုသူတွေကိုလည်းထောက်ပံ့ကြေးများပေးစေချင်ပါတယ် ခမည်းတော်"

"ဒါကသိပ်မဖြစ်နိုင်ဘူးထင်ပါတယ် မင်းသား အခွန်လည်းလျှော့ကောက်ရမယ့်အပြင် ထောက်ပံ့ကြေးပါပေးရမယ်ဆိုရင် နန်းတွင်းဘဏ္ဍာလျော့နည်းသွားပါလိမ့်မယ် ထို့အပြင် မင်းသားတည်ဆောက်နေတဲ့ တံတိုင်း၇ထပ်အတွက်လည်း ကုန်ကျစရိတ်များရှိပါသေးတယ်"ဟုအမတ်တစ်ယောက်မှပြောလေရာ

အရှင့်ဧကရီTempat cerita menjadi hidup. Temukan sekarang