အခန်း ၁၃

706 56 0
                                    

Unicode

ဒေဝတို့လွှတ်ထားသော သူလျိုလည်း နန်းတော်ထဲတွင်တိတ်တဆိတ် ဝနစည်သူအကြောင်းကိုစုံစမ်းနေသည်။သို့ပါသော်လည်း ဝနစည်သူအကြောင်းဘာအစနမှရှာမရအောင်ဖြစ်နေသည်။
သူလျိုလည်းပိပိရိရိဖြင့်သာ နန်းတွင်းသူအဖြစ်ဟန်ဆောင်ရင်းမရမကစုံစမ်းတော့သည်။ဝနစည်သူနန်းဆောင်တွင် တော်ရုံနန်းတွင်သူများမထားချေ မာယာဧကရီနှင့်အတူနှစ်ယောက်တည်းသာနေသည်။နန်းဆောင်အပြင်ဘက်တွင်သာ လုံခြုံရေးအရ ရဲမက်အချို့ထားရှိသည်။နန်းဆောင်အနားကိုလည်းမည်သူမျှလာလို့မရအောင်စည်းကမ်းတင်းကြပ်ထားလေသည်။မာယာဧကရီတစ်ယောက်တည်း ဥယျာဉ်ထဲတွင်ထိုင်နေခိုက် သစ်ပင်ပေါ်မှမြွေတစ်ကောင်ဆင်းလာပြီး မာယာဧကရီကိုကိုက်ရန်လုပ်နေလေသည်။ထိုအချိန်တွင် သူလျိုလည်းအနောက်မှမြွေကိုရိုက်ချလိုက်တော့သည်။မြွေလည်းမာယာဧကရီဘေးသို့ကျသွားသောအခါ

"အမလေး မြွေကြီး"

"မစိုးရိမ်ပါနှင့် ကျွန်တော်မျိုးမရိုက်ချလိုက်တာ မြွေကသေသွားပါပြီ မင်းသမီးလေး"

"အသင်ကကျွန်မအသက်ကိုကယ်လိုက်တာပဲ ကျေးဇူးပါ"

"ရပါတယ် မင်းသမီးလေးအသက်ကိုကယ်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်"

"အသင်ကနန်းတွင်းသူပဲလား ဘယ်နန်းဆောင်မှာလဲ"

"ကျွန်တော်မျိုးမက ဘုရင်ကြီးနန်းဆောင်ကပါ ဒီနားကိုဖြတ်အသွား မင်းသမီးလေးနောက်ကသစ်ပင်ပေါ်ကနေမြွေတစ်ကောင်ဆင်းလာပြီးကိုက်ဖို့လုပ်နေတာကိုတွေ့လို့ဝင်လာပြီးရိုက်လိုက်တာပါ"

"ထပ်ပြီးကျေးဇူးတင်ပါတယ်နော် ကျွန်မအသက်ကိုကယ်လိုက်တဲ့အတွက်ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်မသူငယ်ချင်းလုပ်ပေးပါလား"

"မင်းသမီးလေးနဲ့ကျွန်တော်မျိုးမလိုနန်းတွင်းသူနဲ့ကသူငယ်ချင်းလုပ်လို့ဖြစ်နိုင်ပါ့မလား တော်ကြာတခြားသူတွေသာသိသွားခဲ့ရင် တမျိုးဖြစ်နေပါမယ်"

"ဘယ်သူမှတမျိုးမထင်ပါဘူး ကျွန်မလည်းဒီနန်းတော်ထဲမှာနေရတာ တခါတလေပျင်းမိတယ် အရှင်ကလည်းကျွန်မနားအမြဲမနေပေးနိုင်ဘူးလေ တိုင်းပြည်ကိစ္စတွေနဲ့အလုပ်ရှုပ်နေတာများတော့ အသင်သာကျွန်မနဲ့သူငယ်ချင်းလုပ်ပေးမယ်ဆိုရင် စကားပြောဖော်ရတဲ့အတွက်မပျင်းရတော့ဘူးပေါ့"

အရှင့်ဧကရီOnde histórias criam vida. Descubra agora