အခန်း ၂၂

1.1K 70 6
                                    

Unicode

ဝလ္လာဒေဝီတို့လည်း တောထဲတွင် ဓားရေးလေ့ကျင့်ရင်းဖြင့် လက်စားချေဖို့ကိုလည်း အစီစဉ်များဆွဲပြီး နန်းတော်အခြေနေကိုစောင့်ကြည့်နေလေတော့သည်။

ရက်အနည်းငယ်ကြာပြီးနောက် တဲအရှေ့တွင်ဓားရေးလေ့ကျင့်နေသော သီဟဆီသို့

" ကိုသီဟ အရှင်ကော "

" နောင်တော်က ခယ်မတော်နဲ့အတူရှိနေတာမဟုတ်ဘူးလား "

" ကျွန်မနိုးတည်းကမရှိတာ ကိုသီဟနဲ့အတူဓားရေးလေ့ကျင့်နေတယ်ထင်လို့ အနောက်မှာချက်ပြုတ်နေတာ "

" ကျွန်တော်နဲ့လည်းမိုးလင်းတည်းကမတွေ့ရသေးပါဘူး "

" အရှင်နန်းတော်ကိုများ တစ်ယောက်တည်းထွက်သွားတာလားမသိဘူး ကိုသီဟ ဘယ်လိုလုပ်ကြမလဲ "

" မဖြစ်နိုင်လောက်ပါဘူး ခယ်မတော် စိတ်အေးအေးထားပြီး ခနစောင့်ကြည့်ရအောင်"

မာယာဧကရီနဲ့သီဟလည်း ဝလ္လာဒေဝီဘယ်သွားသည်ကိုမသိသောကြောင့် စိုးရိမ်ပူပန်ခြင်းများဖြစ်နေလေသည်။ နန်းတော်ကိုတစ်ယောက်တည်းသွားလျှင် သေချာပေါက် အသက်ရှင်လျှက်ပြန်လာနိုင်မည်မဟုတ်တာကြောင့် သီဟလည်းလိုက်သွားဖို့ရာပြင်လိုက်တော့သည်။ထိုစဉ်

" ဘယ်သွားမလို့လဲ သီဟ "

" အဆွေတော်ကဘယ်ကပြန်လာတာလဲ ကျွန်ုပ်တို့ကနောင်တော်ပျောက်လို့ ဘယ်လိုက်ရှာရမှန်းမသိဖြစ်နေကြတာ "

" ကျွန်ုပ်ကကလေးလား အဆွေတော် "

ထိုစဉ်မာယာဧကရီလည်း သူ့ရဲ့အရှင်ကို ခေါင်းအစခြေအဆုံးသေချာလိုက်ကြည့်လေသည်။

"ဘာလို့လဲ ဧကရီ ဘာရှာနေတာလဲ "

" အရှင့်ဆီမှာဒဏ်ရာတစ်ခုခုများရခဲ့လားလို့ကြည့်နေတာ အရှင်ဘယ်တွေသွားနေတာလဲ "

" ကိုယ်ဘယ်မှမသွားပါဘူး ဧကရီရဲ့ "

" နန်းတော်ဆီကိုသွားခဲ့တာလား အရှင် "

" နန်းတော်ဆီကိုမသွားပါဘူး ဧကရီရဲ့ ဘာလို့လဲ"

" ကျွန်မဖြင့်စိတ်ပူလို့ သေတော့မယ်အရှင် အရှင်တစ်ယောက်တည်းဘယ်မှလျှောက်မသွားပါနဲ့နော် နန်းတော်ကိုလည်းမသွားပါနဲ့အုံး "

Você leu todos os capítulos publicados.

⏰ Última atualização: May 13, 2023 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

အရှင့်ဧကရီOnde histórias criam vida. Descubra agora