Unicode
နန်းရင်ပြင်အရှေ့တွင် လူအများစုဝေးရန်ကြေညာလိုက်ပြီးနောက် နန်းရင်ပြင်၌ ပြည်သူများနှင့်တကွ တိုင်းပြည်အကြီးကဲပုဂ္ဂိုလ်များ မှူးမတ်များအကုန်လုံးစုရုံးရောက်ရှိနေကြသည်။
ခနအကြာတွင် ဘုရင်ကြီးနှင့်တကွ မင်းသားလေးတို့နှစ်ယောက်နှင့်အတူ ပညာရှိအမတ်ကြီးလည်းရောက်ရှိလာကြတော့သည်။ထိုအချိန်တွင် ပညာရှိအမတ်ကြီးမှစတင်ပြီး"ဒီနေ့တိုင်းသူပြည်သားများနှင့် မှူးမတ်အကြီးကဲအကုန်လုံးကိုစုဝေးခေါ်ဆိုလိုက်ရတဲ့အကြောင်း ရင်းကတော့ အရေးကြီးကြေညာစရာရှိလို့ပဲဖြစ်ပါတယ် အဲ့တာကဘာလဲဆိုတော့ တိုင်းသူ
ပြည်သားတို့သိတဲ့အတိုင်း ဘုရင်ကြီးလည်းအသက်ရွယ်ကြီးရင့်လာပြီဖြစ်တဲ့အတွက်ကြောင့် ဘုရင်ကြီးရဲ့ထီးနန်းအရိုက်ရာကိုလွှဲပြောင်းဆက်ခံဖို့ပဲဖြစ်ပါတယ် ဘုရင်ကြီးရဲ့ထီးနန်းအရိုက်ရာကိုဆက်ခံဖို့အတွက်ကတော့ လူအများသိထားတဲ့အတိုင်း အောင်မြင်ကျော်ကြားမှုရဲစွမ်းသတ္တိတွေနဲ့ပြည့်နေတဲ့ မင်းသားလေးဝနစည်သူကိုပဲလွှဲပြောင်းပေးမှာဖြစ်ကြောင်းကို ကြေညာခြင်းပဲဖြစ်ပါတယ်"ပညာရှိအမတ်ကြီးစကားသံဆုံးသည်နှင့် ဒေဝမှလက်ထောင်လျှက်"ခနလေးနေပါအုံး ပညာရှိကြီးရဲ့ မင်းသားလေးကိုထီးနန်းဆက်ခံခိုင်းတာကတော့ဟုတ်ပါပြီ ကျွန်ုပ်သိချင်တာက မိန်းကလေးတစ်ယောက်ကိုနန်းတင်လို့ရလားဆိုတာကိုပါပဲ"ဒေဝပြောစကားများကိုကြားပြီးနောက် တိုင်းသူပြည်သားများနှင့်မှူးမတ်များထံမှ တီးတိုးစကားသံများနှင့်အတူ
"ဦးရီးတော်ပြောစကားကဘာအဓိပ္ပါယ်ပါလဲ ဘုရင်ကြီး မိန်းကလေးတစ်ယောက်ဆိုတော့ ကျွန်ုပ်တို့မင်းသားလေးလို့သိထားတာမိန်းကလေးတစ်ယောက်လား"ပြည်သူတစ်ယောက်ရဲ့အမေးစကားသံလည်းထွက်ပေါ်လာတော့သည်။
ထိုအချိန်ပညာရှိအမတ်ကြီးမှ
"ခနကျွန်ုပ်ပြောတာကိုနားထောင်ကြပါအုံး ဟုတ်ပါတယ် လူအများမင်းသားလေးလို့သိရှိထားတဲ့ မင်းသားလေးဝနစည်သူဟာ တကယ်တော့မင်းသမီးလေးဝလ္လာဒေဝီပါပဲ ရန်အသွယ်သွယ်ကြောင့် ယောကျာ်းလေးတစ်ယောက်လိုနေထိုင်ခိုင်းခဲ့ရခြင်းဖြစ်ပါတယ် ဒီနေ့မှာ အမှန်တရားကိုဖွင့်ပြောဖို့ကျွန်ုပ်တို့ဆုံးဖြတ်ထားပြီးသားပါ ကျွန်ုပ်အနေနဲ့ပြောချင်တာကတော့ မင်းသားလေးဖြစ်စေ မင်းသမီးလေးဖြစ်စေ ပြည်သူတွေအနေနှင့်လက်ခံမပေးနိုင်ဘူးလားဆိုတာကိုပါပဲ တိုင်းသူပြည်သားတို့အတွက်အစွမ်းကုန်ကြိုးစားပေးခဲ့မှုများကိုပဲကြည့်ပြီး ဆုံးဖြတ်ပေးစေချင်ပါတယ် အနှစ်နှစ်အလလကိုယ်ကျိုးအတွက်ထက်စာရင် ဒီတိုင်းပြည်အပေါ်မှာကိုယ့်ကိုယ်ကိုမြှပ်နှံထားခဲ့တဲ့လူတစ်ယောက်လို့မြင်စေချင်ပါတယ်"
ESTÁS LEYENDO
အရှင့်ဧကရီ
Ficción históricaတိုင်းပြည်အတွက်မွေးကတည်းကယောကျာ်းလေးအဖြစ်နေထိုင်ခဲ့ရပြီး ကိုယ်တိုင်တောင်အမျိုးသမီးတစ်ဦးအဖြစ်မသိခဲ့သူ ဝနစည်သူ (ခေါ်) ဝလ္လာဒေဝီ ယောကျာ်းတစ်ဦးလို့ထင်ပြီးသဘောကျခဲ့ရသူဟာ အမျိုးသမီးတစ်ဦးဖြစ်တယ်ဆိုတာကိုသိပြီးနောက်တောင် မေတ္တာမပျက်ပေးဆပ်ခဲ့သူ မာယာဧကရီ တိုင္...