အခန်း ၁

1.7K 138 4
                                    

Unicode

အင်းဝတိုင်းပြည်ရှိခမ်းနားကြီးကျယ်လှသော နန်းတော်ကြီး၏ အခန်းတစ်ခု‌ရှေ့တွင်
ဘုရင်နရစည်သူတစ်ယောက် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နှင့်အလုပ်ရှုပ်နေလေသည်။အကြောင်းမှာ ဘုရင်ကြီး၏မိဖုရားသည် အိပ်ဆောင်ထဲ၌
သူတို့၏ပထမဆုံးရင်သွေးလေးကို မွေးဖွားရန် ရုန်းကန်နေရသောကြောင့်ဖြစ်ပေသည်။တိုင်းသူပြည်သားများသည်လည်းသားတော်လေးမွေးဖွားဖို့ရာ ဝိုင်းဆုတောင်းကြလေသည်။

ထို့အတူအခြားသောတိုင်းပြည်များသည်လည်း ထိုသတင်းကိုနားစွင့်နေကြသည်။
ထိုအထဲတွင် ဘုရင်ကြီး၏ ညီတော်နှစ်ပါးဖြစ်သော ဒေဝနှင့်စက္ကတို့နှစ်ယောက်လည်းပါဝင်သည်။

"နောင်တော် ယခုမွေးလာမည့်ကလေးဟာ မိန်းကလေးမဟုတ်ဘဲ ယောကျာ်းလေးသာဖြစ်ခဲ့မည်ဆိုလျှင် အကျွန်ုပ်တို့ဘယ်လိုလုပ်ကြမလဲ"

"ပုဏ္ဏားကြီးကိုယ်တိုင် မိန်းကလေးမွေးမည်လို့တွက်ချက်ပေးထားတာကို ဘာတွေပူပန်နေသလဲညီတော်စက္က"

"ဟုတ်ပါတယ် အရှင့်သားတို့ ယခုမွေးမည့်ကလေးဟာ မိန်းကလေးသာလျှင်ဖြစ်ပါလိမ့်မည်ဟု အကျွန်ုပ်၏တွက်ချက်မှုများတွင်ထင်ရှားစွာဖော်ပြနေပါသည်"

"အစ်ကိုတော်သာ သမီးလေးမွေးဖွားခဲ့လျှင်
ကျွန်ုပ်တို့က ထီးနန်းကိုအသာလေးတက်သိမ်းဖို့အသင့်စောင့်နေရုံပဲမဟုတ်လား ညီတော်ရ"

ဒေဝနှင့်စက္ကတို့လည်း အကြံများစွာနှင့်ရရှိလာမည့်သတင်းကိုပျော်ရွှင်စွာ စောင့်ဆိုင်းနေကြလေသည်။
အခြားသောတိုင်းပြည်တစ်ခုတွင်လည်း ဘုရင်နရစည်သူ၏ကလေးသည်မိန်းကလေးဖြစ်ပါက တိုင်းပြည်ကိုတက်သိမ်းရန် စစ်သည်အင်အားအပြည့်ဖြင့် စောင့်နေ၏။

"အရှင် အရှင် မိဖုရားကြီးကလေးမွေးပါပြီ" ဆိုသော အထိန်းတော်တစ်ယောက်အသံကိုကြားသော် ဘုရင်ကြီးလည်းဝမ်းသာအားရနှင့်မေးလေရာ သမီးတော်လေးဖြစ်သည်ဟုကြားသိရသော်
ပူပန်ခြင်းများစွာဖြင့် ပညာရှိအမတ်ကြီးအားဆင့်ခေါ်လေသည်။

"အရှင် စိုးရိမ်တော်မမူပါနှင့် သမီးတော်လေးမွေးဖွားသည်ကို အကျွန်ုပ်တို့မှလွဲလျှင် အခြားတိုင်းပြည်များနှင့်မည်သူမှမသိသေးပါ ထို့ကြောင့် သားတော်လေးမွေးဖွားသည်ဟု အရှင်သတင်းလွှင့်ရပါလိမ့်မည်"

အရှင့်ဧကရီDonde viven las historias. Descúbrelo ahora