အခန်း ၁၁

854 75 3
                                    

Unicode

ဥယျာဉ်ထဲတွင် သိုးမွှေးထိုးနေသောမာယာဧကရီကိုဝနစည်သူတစ်ယောက် မျက်တောင်မခတ်တမ်းထိုင်ကြည့်နေလေသည်။မာယာဧကရီ၏ နဖူးပြင်စပ်ကဆံပင်နုလေးတွေ နှာခေါင်းလုံးလုံးလေးနဲ့ ပါးဖောင်းဖောင်းလေးက ဝနစည်သူအတွက်အသည်းယားဖို့ကောင်းစွာ ချစ်ဖို့ကောင်းလွန်းသဖြင့် တစိမ့်စိမ့်ကြည့်လို့မဝပေ။

"မျက်လုံးမညောင်းသေးဘူးလား"

"မညောင်းပါဘူး တနေကုန်ထိုင်ကြည့်နေချင်တာ ဘာလို့အဲ့လောက်ချစ်ဖို့ကောင်းနေရတာလဲ"

"အခုမှသိတာလား ကျွန်မချစ်ဖို့ကောင်းတာကို"

"သိတာတော့ကြာပါပြီ အဲ့တုန်းကဒီတိုင်းညီမလေးတစ်ယောက်လိုပဲထင်ခဲ့မိတာ"

"အခုကျတော့ကော"

"အခုကတော့ ကြင်ယာတော်ဧကရီမိဖုရားတစ်ပါးအဖြစ်ပေါ့"ဟုဆိုလျှက် မာယာဧကရီနားသွား၍ဖက်လေတော့သည်။

"ဖယ်ပါအုံး ဒီမှာသိုးမွှေးထိုးနေတယ်လေ အရင်ကတော့ မခုတ်တတ်တဲ့ကြောင်လိုပဲ"

"အရင်ကအရင်လေ အခုကအခုမတူတော့ဘူး အခုဆိုရင်တနေကုန် ဧကရီအနားပဲနေချင်တော့တယ်"

"တော်ကြာနေ ရှင့်ပြည်သူတွေကသူတို့မင်းသားအပျင်းထူနေတာ ကျွန်မကြောင့်ဆိုပြီးပြောနေကြပါအုံးမယ်"

"ကိုယ့်ရဲ့ဧကရီလေးကိုဘယ်သူတွေကများအပြစ်ပြောရဲကြမှာလဲ ကိုယ်တစ်ယောက်လုံးအရှေ့ကနေမားမားမတ်မတ်ရပ်တည်ပေးမှာပေါ့"
ဟန်ပန်အမူရာဖြင့်လုပ်ပြနေသော ဝနစည်သူကိုကြည့်ပြီး မာယာဧကရီတစ်ယောက်သဘောကျလျှက်ရီနေတော့သည်။ဥယျာဉ်အတွင်းတွင် သူမတို့ရီသံများဖြင့်သာဖုံးလွှမ်းနေလေသည်။လေပြည်လေးတွေတိုက်ခတ်လျှက် ပန်းရနံ့များဖြင့်ပြည့်စုံနေသော ဥယျာဉ်အတွင်းမှာ စနောက်နေသူနှင့် ထိုသူပြောသမျှကိုသဘောတကျနားထောင်နေသူ ထိုသူနှစ်ယောက်သာရှိလေသည်။ဝနစည်သူတစ်ယောက်လည်း ယခုဆိုလျှင်အရင်ကနဲ့မတူတော့ဘဲ မာယာဧကရီရှေ့ရောက်လျှင် ချွဲတတ်လာလေပြီ။ထိုအချိန်မျိုးတွင် မာယာဧကရီပြောနေကျစကားတစ်ခွန်းမှာ

အရှင့်ဧကရီTempat cerita menjadi hidup. Temukan sekarang