Unicode
နောက်တစ်နေ့မနက်ရောက်သော်
ဝနစည်သူလည်းပြင်ဆင်ပြီး မာယာဧကရီဆီသို့ထွက်လာခဲ့ပြီး နန်းဆောင်အရှေ့ရောက်သောအခါ မာယာဧကရီသည်အသင့်စောင့်ဆိုင်းနေလေသည်။"မင်းသမီးက အစောကြီးပဲပြင်ဆင်ပြီးနေပါလား"
"ဟုတ်တယ် လျှောက်လည်ရမယ်ဆိုတော့ တက်ကြွနေတာ"
"ကဲ သွားကြမယ်လေ"
ဝနစည်သူလည်းမာယာဧကရီနှင့်အတူ နန်းတော်အပြင်ကိုထွက်လာခဲ့လေသည်။အပြင်သို့ရောက်သည်နှင့် မာယာဧကရီလည်းအလွန်လှပသောပတ်ဝန်းကျင်ကိုတွေ့သောအခါ စိတ်ဝင်တစားလျှောက်ကြည့်နေလေသည်။စိမ်းလန်းသောသစ်ပင်များနှင့်ခြံရံလျှက်ရှိနေပြီး ပန်းပွင့်များနှင့်ပြည့်နှက်နေသော နန်းတော်အပြင်ဘက်ရှူခင်းများကိုမြင်သောမင်းသမီးလေးမှာ အလွန်ကိုသဘောကျလျှက်စူးစမ်းနေလေတော့သည်။
"မင်းသမီးလေး ဈေးတန်းကိုသွားကြည့်ချင်လား အဲ့မှာဆိုပိုပျော်ဖို့ကောင်းလိမ့်မယ် စားစရာတွေအများကြီးနဲ့ ဝယ်စရာတွေလည်းပေါလှတယ်"
"သွားကြမယ်လေ စားစရာတွေအများကြီးကိုစိတ်ဝင်စားတယ် မင်းသားလေးရဲ့"
ဝနစည်သူလည်းမာယာဧကရီကိုဈေးတန်းထဲသို့ခေါ်သွားတော့သည်။ဈေးတန်းထဲရောက်သည်နှင့် အထူးဆန်းသဖွယ် ကလေးတစ်ယောက်လိုလျှောက်ကြည့်နေသော မာယာဧကရီကိုကြည့်ပြီး ဝနစည်သူလည်းသဘောကျနေလေသည်။
မင်းသမီးလေးကချစ်ဖို့ကောင်းလိုက်တာ လျှောက်ကြည့်ပြီးပျော်ရွှင်နေတဲ့ပုံလေးက ကလေးတစ်ယောက်အတိုင်းပဲ ငါအခုမိန်းကလေးတစ်ယောက်ကိုချစ်ဖို့ကောင်းတယ်လို့တွေးလိုက်တာလား ငါညီမလေးတစ်ယောက်လိုခင်နေမိပြီထင်တယ်💭
"မင်းသားလေး မင်းသားလေး ဟိုမှာလူတွေစည်နေတယ် ဘာလုပ်နေလဲသွားကြည့်ရအောင်"
မာယာဧကရီဆွဲခေါ်ရာနောက် ဝနစည်သူလည်းပါသွားတော့သည်။
"မျောက်ကလေးကိုဘာလုပ်နေကြတာလဲသိလား"
"အဲ့တာမျောက်လိမ္မာလေ မင်းသမီးလေးရဲ့ အဲ့မျောက်လေးကလူတွေခိုင်းတာမှန်သမျှလုပ်တတ်တယ် မျောက်လေးလုပ်ပြတာတွေကိုကြည့်ပြီး သဘောကျတဲ့လူတွေကမျောက်လေးကိုဆုငွေချီးမြှင့်ကြတယ်လေ"
KAMU SEDANG MEMBACA
အရှင့်ဧကရီ
Fiksi Sejarahတိုင်းပြည်အတွက်မွေးကတည်းကယောကျာ်းလေးအဖြစ်နေထိုင်ခဲ့ရပြီး ကိုယ်တိုင်တောင်အမျိုးသမီးတစ်ဦးအဖြစ်မသိခဲ့သူ ဝနစည်သူ (ခေါ်) ဝလ္လာဒေဝီ ယောကျာ်းတစ်ဦးလို့ထင်ပြီးသဘောကျခဲ့ရသူဟာ အမျိုးသမီးတစ်ဦးဖြစ်တယ်ဆိုတာကိုသိပြီးနောက်တောင် မေတ္တာမပျက်ပေးဆပ်ခဲ့သူ မာယာဧကရီ တိုင္...