အခန်း ၁၈

615 61 7
                                    

Unicode

ဝလ္လာဒေဝီလည်းမာယာဧကရီလက်ကိုဆွဲလျှက် နန်းတော်အပြင်သို့ထွက်လာခဲ့တော့သည်။လမ်းတလျှောက် ဝလ္လာဒေဝီတို့ကိုလူအများပြားကဝိုင်းကြည့်နေကြသော်လည်း ကူညီမည့်လူပင်တစ်ယောက်မှမရှိကြချေ။ထို့နောက်တွင်တော့ ဝလ္လာဒေဝီတို့လည်း တောထဲသို့ရောက်ရှိလာကြပြီး အရိပ်ရသောသစ်ပင်ကြီးတစ်ပင်အောက်တွင်နားကြတော့သည်။

"မောနေပြီလား ဧကရီ"

"မမောပါဘူးအရှင်ရဲ့"

"ကိုယ်ဧကရီ့ကိုဒုက္ခတောထဲခေါ်လာမိသလိုများဖြစ်သွားပြီလား အခုတောထဲမှာနေစရာနေရာလည်းမတွေ့သေးဘူး"

"ဧကရီ့အတွက်ကိုစိတ်မပူပါနဲ့ အရှင်သာအနားမှာရှိနေပေးရင် ဘယ်နေရာပဲဖြစ်ဖြစ် ဧကရီ့အတွက်လုံခြုံပါတယ်"

"ညနေလည်းစောင်းတော့မယ် ဧကရီ ဒီနေ့တော့ဒီသစ်ပင်ကြီးအောက်မှာပဲအနားယူလိုက်ကြမလား"

"အရှင့်သဘောပါ ဧကရီ့အတွက်မပူပါနဲ့"

"ဧကရီ ရေဆာလား လမ်းလျှောက်လာရတာအကြာကြီးဆိုတော့ မောနေရောပေါ့"

"အမှန်ပြောရရင်တော့ ရေဆာတယ်အရှင် ဒါပေမယ့်စိတ်မပူပါနဲ့ အရမ်းကြီးတော့မဟုတ်ပါဘူး"

"ဒါဆို ဧကရီ့ဒီနားလေးမှာပဲခနနားနေခဲ့ပါလား ကိုယ်ရေရယ် စားဖို့အစားစာရယ်ရှာပြီးပြန်လာခဲ့မယ်"

"ဖြစ်ပါ့မလားအရှင်"

"စိတ်မပူပါနဲ့ ဧကရီရဲ့ ကိုယ်ကအရင်တည်းကတောတောင်တွေထဲနေလာတဲ့လူပါ ဧကရီသာဒီမှာခနနားပြီးနေခဲ့နော် ကိုယ်မကြာခင်ပြန်လာခဲ့မယ်"

"ကောင်းပါပြီ အရှင် ဂရုစိုက်သွားနော်"

ထွက်ခွာသွားသော ဝလ္လာဒေဝီကျောပြင်ကိုကြည့်ပြီး မာယာဧကရီလည်းသစ်ပင်ကြီးအောက်တွင်ကျန်ခဲ့တော့သည်။ဝလ္လာဒေဝီတစ်ယောက်ကတော့ တောထဲသို့ထွက်ခွာလာပြီး သစ်သီးများနှင်ရေကိုရှာဖွေနေတော့သည်။တောထဲသို့သွားရင်းသွားရင်းဖြင့် တောအစွန်နားလောက်တွင်တော့ ချောင်းလေးတစ်ခုကိုတွေ့လေသည်။ဝလ္လာဒေဝီလည်းပါလာသော သစ်သားဘူးလေးထဲသို့ရေထည့်တော့သည်။ငါးများကိုတွေ့လေရာ ဝလ္လာဒေဝီလည်းသူ၏ဓားဖြင့် အတော်သင့်ရှိသောသစ်ချောင်းကိုဖြတ်ယူပြီးအဖျားချွန်လျှက် ထိုးစိုက်ဖမ်းယူတော့သည်။ငါးအချို့ရရှိသောအခါ နွယ်ကြိုးဖြင့်သီယူလာပြီး မာယာဧကရီရှိရာနေရာသို့ပြန်လာခဲ့တော့သည်။မျှော်နေသော မာယာဧကရီလည်း ဝလ္လာဒေဝီကိုတွေ့တာနှင့်ထိုင်နေရာမှထပြီး ဝလ္လာဒေဝီအနားသို့သွားလျှက်

အရှင့်ဧကရီDonde viven las historias. Descúbrelo ahora