အခန်း ၄

1K 92 5
                                    

Unicode

ဝနစည်သူဓားရေးလေ့ကျင့်ရာမှပြန်အလာ ဥယျာဉ်တွင်ထိုင်၍အတွေးလွန်နေသော
မာယာဧကရီကိုတွေ့လေတော့

"ဒီမှာထိုင်ပြီး ဘာတွေများတွေးနေတာလဲ မင်းသမီး"

"ဪ မင်းသားဝနစည်သူပဲ"

"အင်း ဆိုပါအုံး ဘာတွေများတွေးနေလဲလို့"

"ဘာမှမတွေးပါဘူး မင်းသားလေး နန်းတော်ထဲမှာနေရတာကြာတော့ ပျင်းလာလို့ပါ"

"မင်းသမီးလေးက ကုန်းဘောင်တိုင်းပြည်ကိုလွမ်းနေတာလား"

"ထွက်လာတာကြာပြီဆိုတော့လည်း လွမ်းမိတာပေါ့ ခမည်းတော်ကလည်းအခုထိမပြန်သေးဘူး မယ်တော့်ကိုလည်းလွမ်းသလို တိုင်းပြည်ကိုလည်းလွမ်းတယ် ဟိုမှာဆို လျှောက်လည်စရာနေရာတွေမှအများကြီးပဲ ဒီမှာကျနန်းတော်ထဲမှာပဲနေနေရတာဆိုတော့"

"ဒီမှာလည်းလျှောက်လည်စရာတွေအများကြီးပါပဲ မင်းသမီးလေးရဲ့"

"ကျွန်မမှမသွားတတ်ဘဲ ကိုယ့်တိုင်းပြည်လည်းမဟုတ်တော့ ခမည်းတော်ကလည်းနန်းတော်ထဲမှာပဲနေဖို့မှာထားတယ်"

"ဒါဆို ကျွန်ုပ်လိုက်ပို့ပေးရမလား မင်းသမီးလေးလည်းနန်းတော်ထဲမှာပဲနေရတာဆိုတော့ မပြန်ခင်လေး ကျွန်ုပ်တို့တိုင်းပြည်မှာ လည်စရာတွေဘယ်လောက်များပြီး ဘယ်လောက်သာယာတယ်ဆိုတာကိုကြွားချင်ပါသေးရဲ့"

"တကယ်ပြောတာလား မင်းသားလေး ကျွန်မကိုအပြင်လိုက်ပို့ပေးမှာလား"

"ဒါပေါ့ လိုက်ပို့ပေးမယ် မင်းသမီးလေးဖခင်ကလည်းဒီမှာကိစ္စတွေမပြီးပြတ်သေးတော့ မပြန်ခင်လေး နေရာအနှံ့လိုက်ပို့ပါ့မယ်"

"သေချာတယ် ကတိနော် မင်းသား"

"ကျွန်ုပ်ကပြောပြီးသားစကားကိုဖျက်ရိုးထုံးစံမရှိပါဘူး မင်းသမီးလေး အခုတော့ကျွန်ုပ်နန်းဆောင်ကိုပြန်တော့မယ် ဓားရေးလေ့ကျင့်ပြီးပြန်လာတာဆိုတော့ ချွေးတွေချည်းပဲလေ"

"ဟုတ်ပါရဲ့ အခုမှသတိထားမိတယ် ခုနကပျင်းနေတဲ့ချိန် မင်းသားလေးက အပြင်လိုက်ပို့မယ်ပြောတော့ ပျော်နေတာပဲ မသိလိုက်မိဘူး"

အရှင့်ဧကရီTempat cerita menjadi hidup. Temukan sekarang