Unicode
"အရှင်"
"ပြောလေ ဧကရီ"
"ကျွန်မခမည်းတော်နဲ့မယ်တော်ကိုလွမ်းလို့"ဟုပြောသောအခါ စာရင်းမှတ်တမ်းများကြားအလုပ်ရှုပ်နေသော ဝနစည်သူမော့ကြည့်လာတော့သည်။
"ဘာလို့လဲ ဒီမှာမပျော်လို့လား"
"မဟုတ်ပါဘူး ဒီမှာနေရတာကြာပြီဆိုတော့လွမ်းလို့ပါ အဲ့တာ ခနပြန်လို့ရမလား"
"ကိုယ်ကအခုမအားသေးဘူး ဧကရီရဲ့ ဘယ်တော့ပြန်မလို့လဲ"
"အရှင်မအားလည်းရပါတယ် ဧကရီ့ဘာသာသွားလိုက်မယ်"
ဝနစည်သူ သူမကိုသေချာကြည့်လျှက် မာယာဧကရီမျက်နှာကတကယ်အိမ်ကိုလွမ်းနေတဲ့ပုံပေါ်သည့်အတွက်
"မနက်ဖြန်မှသွားနော် ကိုယ်လိုက်ပို့ပေးမယ်"
"အရှင်ကအားတာမဟုတ်ဘဲ ကျွန်မဘာသာသွားလိုက်ပါမယ်"
"စိတ်မချဘူး ဧကရီ့ခမည်းတော်တို့ဆီအရောက်ကိုယ်ကိုတိုင်လိုက်ပို့မှစိတ်ချရမယ် အဲ့လောက်တော့ကိုယ်လုပ်ပေးနိုင်ပါတယ်"
"အရှင့်သဘောပါ ဒါဆိုကျွန်မဥယျာဉ်ထဲသွားအုံးမယ်"ဟုပြောပြီး မာယာဧကရီလည်းထွက်သွားတော့သည်။သူ့ကိုပါလိုက်စေချင်နေတာသိပေမယ့်လည်း တိုင်းပြည်ကိစ္စတွေကပိုပိုရှုပ်လာသလို ပိုပိုသတိထားနေရတာမလို့ ဘယ်လိုမှလိုက်လို့မရချေ မနက်ဖြန်လိုက်ပို့ဖို့အတွက်ပါ လျှောက်တင်လွှာတွေကိုဒီနေ့အပြီးစစ်ရပေမည်။သူမစိတ်မကောင်းဖြစ်သွားတာသိပေမယ့် ဝနစည်သူလိုက်မချော့နိုင်ချေ ညကျမှပဲသေချာရှင်းပြပြီးစိတ်မကောင်းမဖြစ်တော့အောင်ဖြောင်းဖျရအုံးမယ်လို့တွေးပြီး အလုပ်သာဆက်လုပ်နေတော့သည်။မာယာဧကရီလည်းစိတ်မကောင်းစွာဖြင့် ဥယျာဉ်ထဲမှာလာထိုင်နေလေသည်။
"မင်းသမီးလေး တစ်ယောက်တည်းထိုင်နေတာ ကျွန်တော်မျိုးမကိုတော့မခေါ်ဘူး"ဟုပြောသံနှင့်အတူ မာယာဧကရီဘေးသို့ဝတီလာထိုင်လေသည်။
"မတွေ့မိလို့ပါ ဝတီကဘယ်တွေသွားနေတာလဲ"မာယာဧကရီအမေးမှာ မလုံမလဲဖြစ်သွားသော်လည်းသေချာထိန်းလျှက်
YOU ARE READING
အရှင့်ဧကရီ
Historical Fictionတိုင်းပြည်အတွက်မွေးကတည်းကယောကျာ်းလေးအဖြစ်နေထိုင်ခဲ့ရပြီး ကိုယ်တိုင်တောင်အမျိုးသမီးတစ်ဦးအဖြစ်မသိခဲ့သူ ဝနစည်သူ (ခေါ်) ဝလ္လာဒေဝီ ယောကျာ်းတစ်ဦးလို့ထင်ပြီးသဘောကျခဲ့ရသူဟာ အမျိုးသမီးတစ်ဦးဖြစ်တယ်ဆိုတာကိုသိပြီးနောက်တောင် မေတ္တာမပျက်ပေးဆပ်ခဲ့သူ မာယာဧကရီ တိုင္...