"အဆုံး သို့မဟုတ် အစ"

1.3K 84 0
                                    

                 Ghost girlfriend (1)


လမ်းဘေးဝဲယာကိုကြည့်လိုက်တော့ လယ်ကွင်းတွေကိုသာမျက်စိတဆုံးမြင်ရ၏။မြို့ပြကြီးနဲ့အလှမ်းဝေးတဲ့နယ်မြို့လေး...
ဒီနေရာကို သိပ်ပြီးလာချင်ခဲ့တာတော့မဟုတ်...စာကိုသာအသေကြိုးစားပြီး ဆရာဝန်ဖြစ်အောင်လုပ်ခဲ့ပင်မဲ့ မိဘမဲ့ကျောင်းကမို့...ကိုယ့်လိုနောက်ခံမရှိ ပိုက်ဆံမချမ်းသာတဲ့သူအတွက်ကတော့ ထားရာနေစေရာသွားရမှာပဲ.....
အခုလည်းကြည့်လေ တခြားမြို့ကနေတာဝန်ပြီးဆုံးလို့ ရုံးချုပ်ကိုများပြန်ရမလားအောက်မေ့ပါတယ် နောက်တစ်နယ်ကိုဆက်ပြောင်းတဲ့....။
ဒါကပဲခပ်ကောင်းကောင်းရယ်ပါ.... ရုံးချုပ်ကိုပြန်ရင်လည်း မာနတွေမိုးပျံပြီး ဆရာဝန်ဂုဏ်မက်နေတဲ့သူတွေနဲ့အလုပ်လုပ်ရမှာ ဒီအစား နယ်မြို့လေးကဆေးရုံမှာအေးအေးချမ်းချမ်း နေရလည်းမဆိုးပါဘူးပေါ့........။

"မင်္ဂလာပါ ကျွန်မက ဒီဆေးရုံမှာတာဝန်ကျတဲ့ ဆရာဝန်အသစ်....Dr roseပါ တွေ့ရတာဝမ်းသာပါတယ်....."

"မပြောတတ်ဘူး....တွေ့ရတာဝမ်းသာစရာလားဆိုတာတော့...."

ဆေးရုံထဲဝင်ဝင်ချင်း တွေ့လိုက်ရတဲ့ နပ်စ်မကြီးရဲ့စကားကြောင့် ကိုယ့်မှာဘာပြန်ပြောရမှန်းမသိအောင် စွံ့အ လျှက်.......။

"ဒီကိုလာတဲ့ ဆရာဝန်တွေကလည်း သိပ်ကြာကြာခံကြတာမဟုတ်ဘူး...အခွင့်အရေးရတာနဲ့ မြို့ကိုပဲပြန်ချင်ကြတာ ဒီက Dr roseလည်းဒီလိုပဲဖြစ်မှာမဟုတ်လား....?ဒီကို လာတယ်ဆိုတာလည်း အပြစ်ပေးခံရတာမဟုတ်လား....?ဟိုအထက်ကလူတွေ မျက်စိဆံပင်မွေးစူးလို့လေ....."

"အပြစ်ပေးခံရတယ်ဆိုတာတော့လည်းမဟုတ်ပါဘူး...?ဒါပင်မဲ့ လာချင်လွန်းလို့ရယ်တော့လည်းမဟုတ်ဘူး....ဒါနဲ့ ဒီက....."

"ကျွန်မက ဒီက နပ်စ်တွေထဲမှာစီနီယာအကျဆုံး....ကျွန်မကိုတော့ သက်သောင့်သက်သာ မရွှေစင် လို့ပဲခေါ်ပါ ကျွန်မနဲ့အတူ တခြားနပ်စ်နှစ်ယောက်ရှိသေးတယ် သူတို့နဲ့ခနမှမိတ်ဆက်ပေးမယ်....။ ဒီဆေးရုံကလည်းဆေးရုံသာဆိုတယ် သိပ်မကြီးဘူးလေ လာတဲ့သူလည်းသိပ်မရှိတော့ လူအင်အားလည်းနည်းတယ်.....ဆရာဝန်ဆိုတောင် Dr rose တစ်ယောက်ပဲရှိမှာ......."

GHOST Girlfriend Where stories live. Discover now