"ဒေါက်တာ ....ဘာများဖြစ်လို့လဲ..."
ဘာလို့ငိုနေတာလည်း ဒေါက်တာ.....?""တောင်းပန်ပါတယ် ကျွန်မကြောင့် မိုးရိပ်နိုးသွားပြီလား.....?"
"ဟင့်အင်း အခုက ထရမယ့် အချိန်ရောက်နေပါပြီ...
ဘာလို့ ငိုနေတာလည်း...ဘယ်နေရာကများ
နေလို့မကောင်းလို့လည်း......?""ဒီနေရာ ဒီနေရာက အရမ်းနာတယ် ......"
သူ့ရင်ဘတ်လေးကိုဖိပြီး ရှိုက်ကြီးတငင်ငိုနေရှာတယ်....ဒေါက်တာ့ခင်ဗျာ တော်တော်ကိုနာကျင်နေပုံပါ.....။
မဖြစ်တော့ဘူး.....မြို့ကိုသွားကြရအောင်
ဆေးရုံကြီးကိုသွားရအောင်......"ခုနတုန်းကတောင် တိတ်တိတ်လေးငိုနေတာအကောင်းရယ်... မိုးရိပ်က မေးတော့မှခုနကထပ်
ပိုဝမ်းနည်းပြီး ပိုငိုချင်လာတယ်
အားကိုးရှိတယ်ဆိုတဲ့ စိတ်ကြောင့်များလား....?"ရပါတယ်....ကျွန်မအကြောင်းကျွန်မသိတယ်....
အဲ့လိုနာကျင်နေတာမျိုးမဟုတ်ပါဘူး.....""မရဘူး rose... အခုလိုဖြစ်တာလည်း
မိုးရိပ်ရဲ့စကားကိုနားမထောင်လို့.....
ရောဂါကိုမွေးနေတာ ကောင်းတယ်များထင်နေလား မသိဘူး....အဝတ်စားလဲတော့ မိုးရိပ်နဲ့အတူ မြို့ကိုသွားမယ်....."မိုးရိပ်ရဲ့ မျက်နှာမှာ ဒေါသတွေ.....ဒါဟာလည်း
စိုးရိပ်ပူပန်မှုကြောင့်ဖြစ်လာတဲ့ ဒေါသ.....
မိုးရိပ်ရဲ့ စိတ်ကိုသိပင်မဲ့ ကိုယ့်ရောဂါက
အဲ့လိုရောဂါမှမဟုတ်ပဲ....
သို့ပင်မဲ့လည်း...မိုးရိပ်နဲ့ပြိုင်မငြင်းချင်တော့တာမို့...
သူခေါ်ရာနောက်ကိုသာ...........။။။။။။။။။။။။။။။။။။။။။။။။
"နှလုံးမှာလည်း ဘာအပြစ်မှမတွေ့ပါဘူး....
ကောင်းပါတယ် အရမ်းကောင်းတယ်.....
တခြားနေရာတွေလည်း အားလုံးပုံမှန်ပါပဲ....
အိပ်ရေးဝဝအိပ်ပေးဖို့ပဲလိုတာပါ.....
သေချာအနားယူရင်ရပါပြီ......"
YOU ARE READING
GHOST Girlfriend
Fantasyမြင်သူတကာငေးရအောင်လှပပင်မဲ့ ဘဝပေးအခြေနေမလှတာကြောင့် ကြိုးစားရှင်သန်ရင်း မြို့ရွာလေးတစ်ခုမှာ တာဝန်ထမ်းဆောင်ဖို့ဖြစ်လာတဲ့ ဒေါက်တာrose တဖြစ်လဲ ယောင်းငယ်........၊ စိတ်ဝင်စားဖို့ကောင်းတဲ့ ရွာငယ်လေးဟာ roseရဲ့ နှလုံးသားတံခါးဝကိုဖွင့်ဖို့သော့ချက်များဖြစ်နေခ...