ကံအကြောင်းမလှခဲ့လို့ လောကဓံကိုတစ်ယောက်တည်းကြိတ်ခံစားနေရပင်မဲ့.....
ဆက်ပြီးရှင်သန်ချင်တဲ့စိတ်လေးဖြစ်အောင်
မနက်ခင်းနေရောင်ခြည်နွေးနွေးလေးဖြာကျသလို ပေးစွမ်းနိုင်မယ့် သူလေးကို အမှတ်မထင်တွေ့ရှိသွားခဲ့တာမို့ ဆိုးအတွက် နေ့ရက်တိုင်းဟာ လှပလွန်းနေတယ်.....
ကိုယ့်မှာဆိုင်သူရှိနေမှန်း သိနေလျှက်နဲ့တောင် ယောင်းကိုတော့ကိုယ်ပိုင်ချင်သေးတယ် ဒါဟာ အတ္တကြီးတဲ့အချစ်လို့ပြောကြရင်လည်း ...
ဟုတ်ကဲ့ ဆိုး...ဝန်ခံပါတယ် ယောင်းနဲ့
ပတ်သတ်လာရင်တော့ အတ္တကြီးပါရစေ.....။"အဟွတ် အဟွတ်.....ဒါကဘာဖြစ်တာလဲ....?
အိမ်တော်မီးလောင်လို့လား.....?
တစ်အိမ်လုံးလည်းမီးခိုးတွေအပြည့်နဲ့
ဒုက္ခပါပဲ
ဘယ်သူမှမရှိကြဘူးလား...?""ရှိပါတယ် မမလေး....
အိမ်တော်မီးလောင်တာမဟုတ်ပါဘူး....
ဒီမီးခိုးတွေက မီးဖိုချောင်ထဲကထွက်လာတာပါ....""ဟင်...မီးဖိုချာင်ထဲမှာ
ဘာတွေများလုပ်နေလို့..
ဒီလောက်မီးခိုးတွေအူထွက်နေရတာတုန်း...?"'အဲ့တာက......."
"ဟဲ့ ဖြေလေ...ဘာလို့စကားကိုရပ်လိုက်တာလဲ...?"
"ဟို......."
"ဆိုး....ဆိုး နိုးပြီလား....?ဒီမှာ ယောင်း
ဆိုး အတွက်မနက်စာပြင်နေတာ....""ဟင်....ယောင်း..?ဘာလို့ မီးဖိုချောင်ထဲ ဝင်နေရတာတုန်း....မျက်နှာမှာလည်းအိုးမဲတွေချည်းပဲ...
ဒီမှာကောင်မလေးတွေရှိနေတာကို ယောင်း
စားချင်တာရှိရင်သူတို့ကိုလုပ်ခိုင်းပေါ့.....
ကိုယ်တိုင်ဝင်လုပ်ဖို့မလိုပါဘူး.....""ဟာကွာ....ဒီရက်ပိုင်း ဆိုး ကသိပ်ပြီးအားမရှိသလိုပုံပေါက်နေလို့ ဆိုး စားဖို့အတွက် ယောင်း ကိုယ်တိုင် ဆိတ်သားခြောက်ဖုတ်နေတာ...သူတို့ကို တမင် မီးဖိုချောင်ထဲကိုဝင်
မလာနဲ့လို့ကိုတားထားတာ
သူတို့ကိုမဆူပါနဲ့နော်.....ဆိုး.."
YOU ARE READING
GHOST Girlfriend
Fantasyမြင်သူတကာငေးရအောင်လှပပင်မဲ့ ဘဝပေးအခြေနေမလှတာကြောင့် ကြိုးစားရှင်သန်ရင်း မြို့ရွာလေးတစ်ခုမှာ တာဝန်ထမ်းဆောင်ဖို့ဖြစ်လာတဲ့ ဒေါက်တာrose တဖြစ်လဲ ယောင်းငယ်........၊ စိတ်ဝင်စားဖို့ကောင်းတဲ့ ရွာငယ်လေးဟာ roseရဲ့ နှလုံးသားတံခါးဝကိုဖွင့်ဖို့သော့ချက်များဖြစ်နေခ...