"သမီး.......သမီးငယ်
ဘယ်လိုလုပ်ပြန်ရောက်လာတာလဲ...?
ဖေဖေတို့ပြောထားတာကိုမေ့သွားပြီလား...?
တစ်ယောက်တည်းပြန်လာရင်တော့
လက်ခံပေးမယ်...
နှစ်ယောက်ဆိုရင်တော့...............""အခု သိသွားပြီ ဖေဖေ.... ပိုးယ
ဘာကိုရွေးချယ်ရမယ်ဆိုတာကိုပေါ့.......
ယောင်း ကိုအခု ပိုးယဘက်က
စွန့်လွှတ်လိုက်တော့မယ်.......
ယောင်းက သမီးရဲ့ရင်ကိုနာကျင်အောင်
လုပ်တယ် ဖေဖေ အဲ့ဒိအတွက် သူပြန်ပေးဆပ်ရအောင် ဖေဖေကကူညီပေးပါ.......""ဘာတွေထပ်ပြီးလုပ်ချင်သေးတာလဲ
သမီးငယ်ရယ်.... သူ့ဘာသူရွာမှာပဲနေပါစေတော့ သမီးငယ်လည်းအခုအိမ်ပြန်ရောက်ပြီဆိုတော့ အရင်လို ကျော့ကျော့မော့မော့နဲ့ မင်းသမီးလေးလိုနေစမ်းပါ
ဒီရေစက်တွေနဲ့ ထပ်ပြီး
ဇာတ်မရှုပ်ချင်စမ်းပါနဲ့.....""ဖေဖေ အဲ့တာကို သိလား......?
ယောင်း မှာ ချစ်ရတဲ့သူရှိတယ်..........""ဪ အဲ့တာကြောင့် ငါ့သမီးလေးက အသည်းကွဲပြီးပြန်လာတယ်ဆိုပါတော့........"
"အဲ့တာက တစ်ခြားသူ မဟုတ်ဘူး ဖေဖေ.....
ဖေဖေ့သမီးကြီး ဆိုးယ ပဲ........""ဟင်......ဆိုး....ဆိုးယ ဟုတ်စ......
မဖြစ်နိုင်တာ.....သူတို့က ဒီအတိုင်း
ခင်မင်ကြတာပါ သမီးငယ်
အထင်လွဲနေတာပဲဖြစ်ပါလိမ့်မယ်......""မဟုတ်ဘူး ဖေဖေ........ယောင်း သမီးနဲ့လက်မထပ်ခင်ကတည်းက
မမကြီးနဲ့ မေတ္တာမျှနေကြတာပါ....
အဲ့တာကို သိသိကြီးနဲ့ ယောင်း ကို
သမီးဘဝ ထဲဆွဲခေါ်ခဲ့တယ်ဆိုပင်မဲ့ပေါ့.......""တယ် လုပ်ရက်လိုက်လေခြင်း မိဆိုးယ......
တစ်နေ့ ဒီလိုဖြစ်မယ်ဆိုတာသိနေတယ်
ဒင်းက မိဘမျက်နှာအိုးမဲသုတ်မယ့်
သူဆိုတာ.....ရိပ်မိနေခဲ့ပြီးသား......
ဒီမှာ သခင်ကြီး ကျုပ်သမီးက မလိမ္မာပင်မဲ့ အလိမ်ညာစကားကိုတော့
ဘယ်တုန်းကမှမပြောခဲ့ဖူးဘူး....
အဲ့တာကြောင့် ထင်တော့ထင်သား တခြားအစေခံတွေရှိလျှက်နဲ့ ဘာကြောင့် ဒီ
တောသူမကိုပဲ တမ်းတမ်းစွဲဖြစ်နေရတာ
ဘာလဲလို့......ဒီလိုအကြောင်းရှိလို့ကိုး........."
أنت تقرأ
GHOST Girlfriend
خيال (فانتازيا)မြင်သူတကာငေးရအောင်လှပပင်မဲ့ ဘဝပေးအခြေနေမလှတာကြောင့် ကြိုးစားရှင်သန်ရင်း မြို့ရွာလေးတစ်ခုမှာ တာဝန်ထမ်းဆောင်ဖို့ဖြစ်လာတဲ့ ဒေါက်တာrose တဖြစ်လဲ ယောင်းငယ်........၊ စိတ်ဝင်စားဖို့ကောင်းတဲ့ ရွာငယ်လေးဟာ roseရဲ့ နှလုံးသားတံခါးဝကိုဖွင့်ဖို့သော့ချက်များဖြစ်နေခ...