"ဆိုးယ...အဆင်ပြေရဲ့လား.....?
ရုတ်တရက်ကြီး ဆိုးယ လဲကျသွားတာမြင်တော့ ယောင်းငယ်မှာ ဘာလုပ်လို့လုပ်ရမှန်းမသိအောင်
ကိုပဲ......""အွန်း...တောင်းပန်ပါတယ်...."
"ဘာလို့ အပြင်ကိုလိုက်လာရတာလဲ...?
နေသိပ်ကောင်းတာလည်းမဟုတ်ပဲနဲ့....""ဒီအတိုင်း ယောင်းလေးက ဆိုး မရှိလည်း
ပျော်နေလားဆိုတာ စစ်ဆေးကြည့်ချင်လို့......""အဲ့တော့ ဘာတဲ့လဲ...?"
"ပျော်တယ်တဲ့....အရမ်း ပျော်တယ်တဲ့....."
"မဟုတ်ပါဘူးနော် ဆိုးယ မရှိတဲ့ ယောင်းငယ် ဘဝက အရမ်းပျင်းဖို့ကောင်းတာကို...."
"ဒီလူလိမ်ကတော့ ဘယ်ကိုလာပြီး
လိမ်နေတာလဲ...?သွားတွေအကုန်ပေါ်အောင် ပိုးယ ကိုရီပြနေတဲ့သူကများ....""ဟာ...အဲ့တာက ပိုးယ ကိုရီပြတာမဟုတ်ဘူးလေ....
ပေါက်စီက အရမ်းအရသာရှိလို့ သူ့အလိုလိုပြုံးမိသွားတာပါ......""ယုံရမယ်ပေါ့လေ....."
"ယောင်းလေးကို မယုံတော့ဘူးလားဟင်....?"
တိုးကပ်လာတဲ့ ယောင်းရဲ့မျက်နှာနဲ့
နီးကပ်လွန်းလှတဲ့ ဒီမြင်ကွင်းမှာ.....
ယောင်းရဲ့အကြည့်တွေကို
တုန့်ပြန်ကြည့်နိုင်စွမ်းမရှိသလို...
ပတ်ဝန်းကျင်ကိုသာ ဝေ့ဝိုက်ကြည့်နေရင်းက အတိုင်းအဆမရှိမြန်လာတဲ့ရင်ခုန်သံအချို့.....
ဒီရင်ခုန်သံတွေဟာ ယောင်းကြောင့်များလား....?
ဒါမှမဟုတ်....ရောဂါအခံကြောင့်မို့များလား.....?
ယောင်း ကိုရင်ခုန်တယ်ဆိုတာတော့
မဖြစ်နိုင်ဘူးလို့ပဲထင်ပါတယ်....ဘာလို့ဆို
ယောင်းက မိန်းကလေးတစ်ယောက်လေ......။။။။။။။။။။။။။။။။။။။။။။။။။
အခြေအတင် စကားတွေအပြန်အလှန်တိုက်စစ်ဆင်နေကြတာကို အခန်းအပြင်ကနေ ယောင်းငယ် သဲ့သဲ့လေးကြားနေရပါတယ် သို့ပင်မဲ့....
ထိုအကြောင်းအရာဟာ ဘာမှန်းတော့ ယောင်းငယ်
မသိ..... ဆိုးယ နဲ့ သခင်ကြီးရယ် ပြီးတော့
သူ့မေမေလေးရယ်....ဘာအကြောင်းမှန်းမသိပင်မဲ့ ပြင်းထန်နေကြတာတော့အမှန်........။
ŞİMDİ OKUDUĞUN
GHOST Girlfriend
Fantastikမြင်သူတကာငေးရအောင်လှပပင်မဲ့ ဘဝပေးအခြေနေမလှတာကြောင့် ကြိုးစားရှင်သန်ရင်း မြို့ရွာလေးတစ်ခုမှာ တာဝန်ထမ်းဆောင်ဖို့ဖြစ်လာတဲ့ ဒေါက်တာrose တဖြစ်လဲ ယောင်းငယ်........၊ စိတ်ဝင်စားဖို့ကောင်းတဲ့ ရွာငယ်လေးဟာ roseရဲ့ နှလုံးသားတံခါးဝကိုဖွင့်ဖို့သော့ချက်များဖြစ်နေခ...